ရန်ကုန်၊ ဇူလိုင် ၃၁
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် “လူထုသစ္စာ အဓိဠာန်ပြုပွဲ”ကို ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်သည်။
မုံရွာမှ ဆန္ဒပြပြည်သူများက အကြမ်းဖက်စစ်ကောင်စီ အမြစ်ဖြတ်ဖြုတ်ချရေး တော်လှန်ရေးပြီးဆုံးသည်အထိ တော်လှန်တိုက်ပွဲဖြစ်သွားမည်ဖြစ်ကြောင်း မီးတုတ်များရှို့ကာ ယနေ့ ဇူလိုင်လ ၃၁ ရက် နံနက်တွင် ချီတက်ဆန္ဒပြကြသည်။
‘တရားတဲ့သူသာ နိုင်ကြေးဟေ့’ စာတန်းကို ကိုင်ဆာင်ကာ မုံရွာလူငယ်အစည်း အရုံး၊ မုံရွာအခြေခံပညာကျောင်းသား သမဂ္ဂမှ တော်လှန်လူငယ်များက ကြွေးကြော်ဆန္ဒပြကြသည်။



