24 C
Yangon
spot_img

CATEGORY

TV Channel

00:01:01

မူဆယ် ၁၀၅ မိုင်တွင် စစ်တပ်ပိုင် မြန်မာဘီယာ ကုန်ကားတစ်စီးအပြည့် ၁၂၆၀ ဖာ ကို PSDA က ဖျက်ဆီးရှင်းလင်း(ရုပ်/သံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ရှမ်းပြည်နယ်၊ မူဆယ် ၁၀၅ မိုင်တွင် စစ်တပ်ပိုင် မြန်မာဘီယာ ကုန်ကားတစ်စီးအပြည့် တင်ဆောင်လာသည်ကို မူဆယ် PSDA က ဖမ်းဆီးပြီး မြန်မာဘီယာ ၁၂၆၀ ဖာကို ဖျက်ဆီးရှင်းလင်းလိုက်ကြောင်း၊ ကုန်ကားကိုမူ လူသားချင်းစာနာထောက်ထားမှုဖြင့် ပြန်လည် လွှတ်ပေးလိုက်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရှိရသည်။
00:00:50

ရန်ကုန်တွင် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် ဗမာ့လူငယ်ကွန်ရက်နှင့် ကျောင်းသားများ ပူး‌ပေါင်းဆန္ဒပြ(ရုပ်/သံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ဗမာ့လူငယ်ကွန်ရက် နှင့် ကျောင်းသားအချို့ ပူးပေါင်း၍ ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ်အဖြစ် " လွတ်လပ်ရေးဆိုတာ တိုက်ယူမှရတာ " ဟူသော ဗိုလ်ချုပ်မိန့်ခွန်းပါ စာတန်းကို ကိုင်‌ဆောင်၍ ယနေ့ ရန်ကုန်မြို့ တစ်နေရာတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။Video - ဗမာ့လူငယ်ကွန်ရက်
00:00:52

ထားဝယ်တွင်“ဗိုလ်ချုပ်အောင်ဆန်းစိတ်ဓာတ်ကိုင်စွဲတိုက်ပွဲဝင်ကြ။´´ ကြွေးကြော်သံဖြင့် အကြမ်းဖက်ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်(ရုပ်/သံ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၃တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် အချိန်တစ်ခုကြာ မထွက်နိုင်ခဲ့သည့် အကြမ်းဖက် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းကို ထားဝယ်မြို့နယ် အထက၂အခြေခံပညာကျောင်းသားများသမဂ္ဂနှင့် ထားဝယ်မြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂတို့ပူးပေါင်းပြီး အခြေခံပညာကျောင်းသားများ စုပေါင်း၍ ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဗိုလ်ချုပ်မွေးနေ့တွင် သပိတ်ချီတက် ဆန္ဒပြခဲ့ကြသည်။
00:01:30

ယင်းမာပင် ရဲစခန်းနှင့် ခရိုင်စုပေါင်းရုံးကို ဒေသကာကွယ်ရေးမဟာမိတ်များ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၃ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနှင့် ခရိုင်စုပေါင်းရုံးကို ယမန်နေ့ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းကာ ဝေဟင်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရမှုရှိကြောင်းနှင့် အရေအတွက် အတိအကျ မသိရှိရသေးကြောင်း ယင်းမာပင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။အဆိုပါ...
00:01:42

မြိုင်တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြပွဲကို PDF တပ်ဖွဲ့လိုက်ပါဝန်းရံ (ရုပ်/သံ)

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၃မြိုင်မြို့နယ် အခြေခံပညာ အထွေထွေသပိတ်ကော်မတီနှင့် ပြည်သူလူထုတို့ ပူးပေါင်းကာ ယနေ့ ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြပွဲကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက လိုက်ပါ ဝန်းရံခဲ့ကြောင်း သိရသည်။
00:01:20

စစ်အာဏာရှင်ချေမှုန်းရေး ၃၇၁ ရက်မြောက် ကလေးမြို့ သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ၊ ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် ပဲပြုတ်နှင့် နံပြား ဝေငှ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၃အကြမ်းဖက်စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေး ၃၇၁ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် ကလေးမြို့ရှိ တော်လှန်ကျောင်းသားပြည်သူများသည် ယနေ့ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့တွင် ချီတက်ဆန္ဒပြကြပြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် ပဲပြုတ်နှင့် နံပြားများကို ဝေငှခဲ့ကြသည်။
00:00:25

ဘိုကလေး၊ ကွင်းချောင်းလေးကျေးရွာရှိ စစ်ကောင်စီပိုင် Mytel တာဝါတိုင်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ဖောက်ခွဲမီးရှို့ (ရုပ်/သံ)

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၃ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ပန်းပဲစုကျေးရွာအုပ်စု၊ ကွင်းချောင်းလေးကျေးရွာရှိ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုပိုင် Mytel ဆက်သွယ်ရေးဖုန်းတာဝါတိုင်နှင့် ဆက်စပ် စက်ပစ္စည်းများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ဘိုကလေးဧရာဗေဒါ၊ ကျိုက်လတ်ဧရာဗေဒါနှင့် ဧရာဝတီလင်းပိုင်အဖွဲ့တို့က ဖေဖေါ်ဝါရီလ ၁၃ ရက် နံနက် ၂ နာရီခွဲတွင်...
00:00:47

ချင်းပြည်နယ်တွင် စစ်ယာဉ်တန်းကို PDF ပူးပေါင်းတပ်များ တိုက်ခိုက်ပြီး အကြမ်းဖက်စစ်သား ၂၀ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ချင်းပြည်နယ်အစပ်တွင် အင်အား ၃၀၀ကျော် ပါဝင်သော စစ်ကောင်စီ ယာဉ်တန်းကို PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ စစ်သား ၂၀ ဦး သေဆုံးကြောင်း PDF ပူးပေါင်းတပ်များက သတင်းထုတ်ပန်သည်။ ဖေ​ဖော်ဝါရီလ ၁၂ ရက်နေ့ ၊ နံနက် (၆)...
00:01:15

စစ်အာဏာရှင်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး ဘုတလင်မြို့နယ်တွင် ချီတက်ဆန္ဒပြ (ရုပ်/သံ)

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၃အကြမ်းဖက် စစ်အာဏာရှင် အမြစ်ပြတ်ကျဆုံးရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီရရှိရေး ကြွေးကြော်ကာ ဘုတလင်မြို့နယ်ရှိ တက်ကြွ ရဟန်းသံဃာ ပြည်သူများသည် ဖေဖေါ်ဝါရီလ ၁၃ ရက်တွင် လှည့်လည်ချီတက်ဆန္ဒပြကြသည်။
00:00:51

NSSDF ရှမ်းမြောက်ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု မွန်းမံသင်တန်း အပတ်စဉ် ၃ သင်တန်း ဖွင့်လှစ်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃NSSDF ရှမ်းမြောက်ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု မွန်းမံသင်တန်း အပတ် စဉ် (၃) သင်တန်းဖွင့်လှစ်လျက်ရှိပြီး များမကြာမီ သင်တန်းဆင်းမည်ဖြစ်ကြောင်း အဆိုပါ တပ်ဖွဲ့ထံမှ သိရှိရသည်။

Latest news

- Advertisement -spot_img