29 C
Yangon

ယင်းမာပင် ရဲစခန်းနှင့် ခရိုင်စုပေါင်းရုံးကို ဒေသကာကွယ်ရေးမဟာမိတ်များ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၃

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနှင့် ခရိုင်စုပေါင်းရုံးကို ယမန်နေ့ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းကာ ဝေဟင်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရမှုရှိကြောင်းနှင့် အရေအတွက် အတိအကျ မသိရှိရသေးကြောင်း ယင်းမာပင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YMB LPDF၊ CGYDF၊ Triple Two၊ Alpha Special Force/ SRDF နှင့် MTOF ညီနောင်မဟာမိတ် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယမန်နေ့တွင် အင်တာနက်ပြတ်တောက်နေခြင်းကြောင့် ယနေ့မှ သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article