ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်နယ်၊ မူဆယ် ၁၀၅ မိုင်တွင် စစ်တပ်ပိုင် မြန်မာဘီယာ ကုန်ကားတစ်စီးအပြည့် တင်ဆောင်လာသည်ကို မူဆယ် PSDA က ဖမ်းဆီးပြီး မြန်မာဘီယာ ၁၂၆၀ ဖာကို ဖျက်ဆီးရှင်းလင်းလိုက်ကြောင်း၊ ကုန်ကားကိုမူ လူသားချင်းစာနာထောက်ထားမှုဖြင့် ပြန်လည် လွှတ်ပေးလိုက်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရှိရသည်။