25.5 C
Yangon
- Advertisement -spot_img

TAG

Demonstrations

ဆားလင်းကြီးရှိ စစ်ရှောင်စခန်းတစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို စစ်ရှောင်မိဘပြည်သူများနှင့်ပြုလုပ်

ရန်ကုန်၊ ဇွန် ၁၉ ဆားလင်းကြီးမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုတွင် ချင်းတွင်းမြစ်ကမ်းဘေးသပိတ်က ဒေါ်အောင်ဆန်းစုကြည်အသက် ၈၀ ပြည့်နှစ်မွေးနေ့ လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါလူထုလှုပ်ရှားမှုကို လက်ပတ်အပြာရောင်များဝတ်ဆင်ပြီး နှင်းဆီပန်းများကိုင်ဆောင်ခြင်း၊ မွေးနေ့ကိတ်ခွဲခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ယင်းမာပင်မြို့နယ် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာလူထုသပိတ်စစ်ကြောင်းက ဒေါ်အောင်ဆန်းစုကြည် နှစ် ၈၀ ပြည့်မွေးနေ့လူထုလှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဇွန် ၁၈ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာလူထုသပိတ်စစ်ကြောင်းသည် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့အထိမ်းအမှတ်လူထုလှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ဆုတောင်းခဲ့ကြသည်။

ဆားလင်းကြီးမြို့နယ် သပိတ်တပ်ပေါင်းစုများ စုပေါင်း၍ ဒေါ်အောင်ဆန်းစုကြည် နှစ် ၈၀ ပြည့်မွေးနေ့ပြုလုပ်

ရန်ကုန်၊ ဇွန် ၁၈ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တစ်နေရာတွင် ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုများစုပေါင်း၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို လူထုအင်အားများစွာဖြင့်ပြုလုပ်ပြီး စစ်အာဏာရှင်ကို အလိုမရှိကြောင်း၊ တရားမဝင်အတုအယောင် ရွေးကောက်ပွဲ အလိုမရှိကြောင်း၊ ဖမ်းဆီးထားသောနိုင်ငံရေးအကျဥ်းသားများ လွှတ်ပေးရေး တောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။

ပြည်သူ့အားမာန်သပိတ်က စစ်အာဏာရှင်စနစ်ကျရှုံးရေး ဆန္ဒပြခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ရေး အပြာရောင် လူထုလှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဇွန် ၁၈ စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီကို အရေးယူပေးရေးအတွက် ပြည်သူ့အားမာန်သပိတ်က စစ်အာဏာရှင်စနစ်ကျရှုံးရေး ဆန္ဒပြခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဥ်းသားများအားလုံး ကျမ်းမာပါစေ အကျဥ်းထောင်တွင်းမှ အမြန်ဆုံးလွတ်မြောက်စေကြောင်း အပြာရောင် လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်

နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက အမေစု ၈၀ နှစ်ပြည့်မွေးနေ့အကြိုဆုတောင်းပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးလူထုသပိတ် ပြုလုပ်

ရန်ကုန်၊ ဇွန် ၁၈ ယင်းမာပင်မြို့နယ် မြောက်ခြမ်းတွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက ဇွန်လ ၁၈ ရက်နေ့တွင် အမေစု ၈၀ နှစ်ပြည့်မွေးနေ့အကြိုဆုတောင်းပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးလူထုသပိတ် ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။

လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက ဇွန် ၁၉ ပန်းသပိတ်တွင် ပူပေါင်းပါဝင်ကြရန် တိုက်တွန်းသည့်လှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ ဇွန် ၁၇ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုကဦးဆောင်၍ ဇွန် ၁၉ ပန်းသပိတ်တွင်ပူပေါင်းပါဝင်ကြရန် ယနေ့ဇွန်လ ၁၇ ရက်နေ့မှာ လူထုလှုပ်ရှားမှုပြုလုပ်ပြီး တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။။ အဆိုပါသပိတ်ကို "ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံး လွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ" စာသားကို ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် သပိတ်ထွက်ရှိခဲ့ကြခြင်း...

ယင်းမာပင်မြောက်ခြမ်းကျေးရွာများ သပိတ်စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇွန် ၁၇ စစ်ကိုင်းတိုင်း၊ ယင်းမာပင် မြောက်ခြမ်းကျေးရွာများ သပိတ် စစ်ကြောင်းက ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြကြသည်။

ပြည်သူ့အားမာန်သပိတ်က စစ်အာဏာရှင်စနစ်ကျရှုံးရေး ဆန္ဒပြ

ရန်ကုန်၊ ဇွန် ၁၇ ပြည်သူ့အားမာန်သပိတ်က စစ်အာဏာရှင်စနစ်ကျရှုံးရေး ဆန္ဒပြခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဥ်းသားများအားလုံးလွတ်မြောက်ရေးကို အလိုရှိကြောင်း လက်တွင် အပြာရောင် အဝတ်စများကိုစည်းကာ ဆန္ဒထုတ်ဖော်ပြသခဲ့ကြောင်း သိရှိရသည်။

ရွှေဘိုမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်လူထုလှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ ဇွန် ၁၇ ရွှေဘိုမြို့နယ်တွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ပြည့်မွေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည် ။ အဆိုပါ လှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေး ဆုတောင်းမှုများလည်း ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ယင်းမာပင်တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်ယင်းမာပင်မြို့နယ် တပ်ပေါင်းစုသပိတ်ချီတက်

ရန်ကုန်၊ ဇွန် ၁၇ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် သပိတ်အင်အားစုများပူးပေါင်းကာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ပြည့်မွေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည် ။ အဆိုပါ လှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေး ဆုတောင်းမှုများလည်း ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

Latest news

- Advertisement -spot_img