27 C
Yangon
- Advertisement -spot_img

TAG

Khit Thit Media

ရှမ်း-ကရင်နီပြည် အစပ်၊ ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှု စစ်ရှောင်ပြည်သူ ၉ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၆ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည် အစပ် ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က ယမန်နေ့ ညပိုင်း လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ စစ်ဘေးရှောင် ပြည်သူ ၉ ဦးသေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ၅ ရက်နေ့ ည ၉ နာရီခွဲအချိန်...

တရားမဝင် အကြမ်းဖက် မြန်မာစစ်ကောင်စီကို တရုတ်နိုင်ငံက ပံ့ပိုးနေမှုများ ရပ်တန့်ရန် ၊ NUG ၊ NUCC နှင့် EROs များကို အသိအမှတ်ပြုရန် မြန်မာအရပ်ဘက်အဖွဲ့ ၂၇၆ ခု က တောင်းဆို

ရန်ကုန်၊ စက်တင်ဘာ ၆ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းထားသော တရားမဝင် အကြမ်းဖက် မြန်မာစစ်ကောင်စီကို တရုတ်နိုင်ငံက ပံ့ပိုးနေမှုများ ရပ်တန့်ရန် ၊ NUG ၊ NUCC နှင့် EROs များကို အသိအမှတ်ပြုရန် မြန်မာအရပ်ဘက်အဖွဲ့ ၂၇၆ ခု က တောင်းဆိုလိုက်ကြသည်။ မြန်မာပြည်တွင်းအကျပ်အတည်းကို လျှင်မြန်စွာဖြေရှင်းနိုင်ရေးအတွက်...

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အကြမ်းဖက်စစ်ကောင်စီက မူဝါဒအပြောင်းအလဲလုပ်လိုက်တဲ့အတွက် စက်သုံးဆီနဲ့ စားအုန်းဆီတွေ ပိုမိုရှားပါးလာတော့မှာဖြစ်ပြီး လက်ရှိမှာ ဆေးဝါးတွေ ပြတ်လပ်နေတယ်လို့ သိရပါတယ်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဟိန်းဇဲဒေသအခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ရေတပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ကြပ် ၁...

နိုင်ငံတစ်ဝန်းလုံးတွင် ဓာတ်ဆီနှင့်ဒီဇယ်စျေးနှုန်းများ တစ်လီတာလျှင် ငွေကျပ် ၁၀၀ ကျော် ထပ်မံမြင့်တက်သွားပြန်

ရန်ကုန်၊ စက်တင်ဘာ ၆ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဓာတ်ဆီနှင့်ဒီဇယ်ဆီ အပါအဝင် စက်သုံးဆီစျေးနှုန်းများ တစ်လီတာလျှင် ငွေကျပ် ၁၀၀ ကျော် ထပ်မံမြင့်တက်သွားကြောင်း သိရှိရသည်။ ယနေ့ စက်တင်ဘာလ ၆ ရက်နေ့တွင် 92 နှင့် 95 အမျိုးအစား ဓာတ်ဆီ တစ်လီတာလျှင် ၁၂၅ ကျပ်နှုန်းမြင့်တက်သွားပြီး ပရီမီယံဒီဇယ်ဆီ...

နမ့်ခမ်းမြို့ကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေ​ယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ်၊ ကိုယ်ဝန် ဆောင် မိခင်၊ မိသားစုလိုက် သေဆုံးမှု အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၆ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော နမ့်ခမ်းမြို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်၊ ကိုယ်ဝန်ဆောင် မိခင်၊ မိသားစုလိုက် သေဆုံးမှု အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း Ta'ang...

ပြည်ပရောက် မြန်မာအလုပ်သမားများ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းခြင်းမပြုပါက နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမပေးခြင်း၊ ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်းနှင့် OWIC ကတ် ထုတ်မပေးခြင်းများဖြင့် အရေးယူမည်ဟု စစ်ကောင်စီက ကြေညာ

ရန်ကုန်၊ စက်တင်ဘာ ၆ ပြည်ပနိုင်ငံများတွင် ရောက်ရှိ အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများအနေဖြင့် လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းခြင်းမပြုပါက နိုင်ငံကူးလက်မှတ် သက်တမ်း တိုးမပေးခြင်း၊ ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်းနှင့် OWIC ကတ် ထုတ်မပေးခြင်းများဖြင့် အရေးယူဆောင်ရွက်မည်ဟု စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်း...

စက်သုံးဆီနှင့်စားအုန်းဆီ တင်သွင်းမှုများကို ပို့ကုန်ရငွေရှိမှသာ တင်သွင်းခွင့်ပြုရန် စစ်ကောင်စီက မူဝါဒ ပြောင်းလဲလိုက်ပြီး ပို့ကုန်ရငွေ လုံလောက်စွာရရှိသည့် ကာလအထိ လိုအပ်သော ဒေါ်လာများကို အကန့်အသတ်ဖြင့် ရောင်းချပေးမည်

စက်သုံးဆီနှင့်စားအုန်းဆီ တင်သွင်းမှုများကို ပို့ကုန်ရငွေရှိမှသာ တင်သွင်းခွင့်ပြုရန် စစ်ကောင်စီက မူဝါဒ ပြောင်းလဲလိုက်ပြီး ပို့ကုန်ရငွေ လုံလောက်စွာရရှိသည့် ကာလအထိ လိုအပ်သော ဒေါ်လာများကို အကန့်အသတ်ဖြင့် ရောင်းချပေးမည် လာမည့် အနာဂတ်တွင် စက်သုံးဆီ၊ စားအုန်းဆီ အပါအဝင် ပြည်ပသွင်းကုန်များ ရှားပါးလာတော့မည်ဖြစ်ပြီး လက်ရှိတွင် ဆေးဝါးများ ပြတ်လပ်နေ ရန်ကုန်၊...

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ တိုင်းပြည်ရဲ့ အာဏာကို မတရားလုယူထားတဲ့ နိုင်ငံတော်ပုန်ကုန်မှုအပြင် ပြည်သူလူထုအပေါ် သစ္စာဖောက်ဖျက်မှုတွေကျူးလွန်နေတဲ့ အကြမ်းဖက် စစ်ကောင်စီကို နိုင်ငံတော် နဲ့ ပြည်သူလူထုရဲ့ ရန်သူအဖြစ် သတ်မှတ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကနေ ဒီကနေ့ စက်တင်ဘာလ...

ယင်းမာပင်မြို့နယ်တွင်,တိုင်းရင်းသားလက်နက်ကိုင်များနှင့် PDFရဲဘော်များကို ထောက်ခံကြိုဆိုပွဲပြုလုပ်

ရန်ကုန်၊စက်တင်ဘာ ၅ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြို့နယ် သပိတ်အင်အားစုသည် "၁၀၂၇ Second Wave Our Future" စာသားကို ကိုင်စွဲကာ တိုင်းရင်း သားလက်နက်ကိုင်များနှင့် PDFရဲဘော်များကို ထောက်ခံကြိုဆိုခဲ့ကြပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar...

ဟားခါးတွင် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး ထပ်မံ အလင်းဝင်

ရန်ကုန်၊ စက်တင်ဘာ ၅ ချင်းပြည်နယ်၊ ဟားခါးမြို့မှ စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး ထပ်မံ အလင်းဝင်ရောက်ခဲ့ကြောင်း Chinland Defense Force – Hakha က ပြောဆိုသည်။ စက်တင်ဘာလ ၄ ရက်နေ့တွင် ဟားခါးမြို့မှ စစ်ကောင်စီ တပ်သား...

Latest news

- Advertisement -spot_img