26.5 C
Yangon
- Advertisement -spot_img

TAG

news

ARSA ခေါင်းဆောင် အပါအဝင် လူ ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ဖမ်းဆီးလိုက်ပြီး တရားမဝင် ဝင်ရောက်မှု၊ ရာဇဝတ်မှုများဖြင့် စုံစမ်းစစ်ဆေး၊ တိုက်ခိုက်မှုများ လုပ်ရန် လျှို့ဝှက်အစည်းအဝေး လုပ်ခဲ့ဟု ရဲက ပြောဆို

ရန်ကုန်၊ မတ် ၁၉ ရခိုင်ပြည်နယ်တွင် လှုပ်ရှားနေသော ARSA ခေါင်းဆောင် အပါအဝင် လူ ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ဖမ်းဆီးလိုက်ပြီး တရားမဝင် ဝင်ရောက်မှု၊ ရာဇဝတ်မှုများဖြင့် စတင်စုံစမ်းစစ်ဆေးနေကြောင်း ဘင်္ဂလားဒေ့ရှ်မှ လာသော သတင်းများအရ သိရှိရသည်။ မတ်လ ၁၆ ရက်နေ့တွင် ARSA ခေါင်းဆောင်...

ပြည်ပနိုင်ငံများသို့ သွားရောက်ခွင့်ပြုမည့် မြန်မာအလုပ်သမား အရေအတွက် ကန့်သတ်ချက်စာရင်းကို စစ်ကောင်စီက ကြေညာမည်၊ ခွင့်ပြန် မြန်မာအလုပ်သမားများ ပြည်ပသို့ ပြန်လည်ထွက်ခွာခွင့် စစ်ကောင်စီက တိုက်ရိုက်ထိန်းချုပ်

ရန်ကုန်၊ မတ် ၁၉ အကြမ်းဖက် စစ်ကောင်စီက ပြည်ပနိုင်ငံများသို့ မြန်မာအလုပ်သမားများ စေလွှတ်ခွင့်ပြုမည့် အလုပ်သမားအရေအတွက်ကို ကန့်သတ်သွားမည်ဖြစ်ပြီး မကြာမီ နိုင်ငံအလိုက် သွားရောက် အလုပ်လုပ်ခွင့်ပြုမည့် အလုပ်သမားအရေအတွက်ကို တရားဝင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း နေပြည်တော် အလုပ်သမားဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။ "စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ဂျပန် ၊...

ထိုင်း-မြန်မာနယ်စပ် အမှတ် ၂ ချစ်ကြည်ရေးတံတားအနီးရှိ ထိုင်းအကောက်ခွန်ဦးစီးဌာနက သိမ်းဆည်းထားသော ကားဂိုဒေါင် မီးလောင်မှု ကားစီးရေ ၂၀၀ ကျော် မီးလောင်ပျက်စီး၊ ကားအများစုမှာ မြန်မာဘက်သို့ ပို့ရန် ပြင်ဆင်စဉ် ဖမ်းဆီးထားသော ကားများ ဖြစ်

ရန်ကုန်၊ မတ် ၁၉ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ထိုင်း-မြန်မာနယ်စပ် အမှတ် ၂ ချစ်ကြည်ရေးတံတားအနီးရှိ ထိုင်းအကောက်ခွန်ဦးစီးဌာနက သိမ်းဆည်းထားသော ကားဂိုဒေါင် မီးလောင်မှု ကားစီးရေ ၂၀၀ ကျော် မီးလောင်ပျက်စီးသွားကြောင်း ထိုင်းသတင်းများနှင့် မဲဆောက်တွင်နေထိုင်သော မြန်မာတချို့က ပြောဆိုကြသည်။ ယမန်နေ့ မတ်လ ၁၉ ရက်နေ့ ည...

ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူတချို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ်နှင့် စိုက်ခင်းများ ပျက်စီး

ရန်ကုန်၊ မတ် ၁၉ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ပြည်သူများနေထိုင်သော ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။ မတ်လ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်မှ စတင်၍ ကျိုက်ထိုမြို့နယ် ပျဥ်းကတုံးကုန်းကျေးရွာအုပ်စု...

စစ်ကိုင်းမြို့နယ်၊ လက်ပံရွာ ဘုန်းကြီးကျောင်းသို့ စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပြီးနောက် ရွာလုံးကျွတ် ထွက်ပြေးနေရ၊ တောင်သာတွင်လည်း စစ်တပ်က စက်တပ် လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ မတ် ၁၉ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လက်ပံရွာ ဘုန်းကြီးကျောင်းသို့ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက် နက်ကြီး ကျရောက်ပြီးနောက် ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၁၇ ရက်နေ့ ည ၉ နာရီနှ ၁၁ နာရီထိ...

နိုင်ငံတစ်ဝန်း ဆုံးရှုံးထားသော မြို့များနှင့် နယ်မြေများကို ပြန်လည် တိုက်ခိုက်ရယူပေးနိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရာထူးတိုး၊ဘွဲ့တံဆိပ်နှင့် ထိုက်ထိုက်တန်တန် ဆုချမည်ဟု အကြမ်းဖက် မင်းအောင်လှိုင်က မက်လုံးပေး

ရန်ကုန်၊ မတ် ၁၉ မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီက ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည် တိုက်ခိုက်ရယူနိုင်သည့် စစ်တပ်အရာရှိများနှင့် လက်အောက်ငယ်သားများကို ရာထူးတိုး၊ဘွဲ့တံဆိပ်နှင့် ထိုက်ထိုက်တန်တန် ဆုချမည်ဟု မင်းအောင်လှိုင်က မက်လုံးပေးလာကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနက ပြောဆိုသည်။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတွင် တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးရရှိရန်...

စလင်းမြို့နယ် တညောင်တိုက်နယ် EPC ရုံးတွင် တပ်စွဲထားသော စစ်တပ်ကို PDF တပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ပြီးနောက် စစ်သားအချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ပစ်ခတ်ရာမှ ၁ ဦးသေဆုံး

စလင်းမြို့နယ် တညောင်တိုက်နယ် EPC ရုံးတွင် တပ်စွဲထားသော စစ်တပ်ကို PDF တပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ပြီးနောက် စစ်သားအချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ပစ်ခတ်ရာမှ ၁ ဦးသေဆုံး ရန်ကုန်၊ မတ် ၁၈ မကွေးတိုင်း၊ စလင်းမြို့နယ် တညောင်တိုက်နယ် EPC ရုံးတွင် တပ်စွဲထားသော အကြမ်းဖက်...

တောင်သာမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ရေတာရှည် ရွာသစ်ရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀ နီးပါး ပြာကျ

ရန်ကုန်၊ မတ် ၁၇ မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှု ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၁၅ ရက်နေ့တွင် တောင်သာမြို့နယ်ရှိ မကျီးချိုရွာနှင့် ဆီဆုံကုန်းရွာကို...

ပခုက္ကူနှင့် မြိုင်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ရော့ကတ်၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ မတ် ၁၇ မကွေးတိုင်း၊ ပခုက္ကူနှင့် မြိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ရော့ကတ်၊ ဒရုန်းများဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဘာမထီ လက်နက်ကြီးပြောက် ကျားတပ်ဖွဲ့ မြိုင် မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ...

စဥ့်ကူးတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေသူ ၁ ဦးကို WY ဆေးပြား ၅၂၀၀ ပြားနှင့်အတူ ပကဖ က ဖမ်းဆီးရမိ၊ ကနီတွင်လည်း မူးယစ်ဆေးပြား ၂ သိန်းကျော်ကို ဖမ်းဆီးရရှိ

ရန်ကုန်၊ မတ် ၁၇ မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေသူ ၁ ဦးကို WY ဆေးပြား ၅၂၀၀ ပြားနှင့်အတူ ဖမ်းဆီးရမိပြီး စစ်တပ် သတင်းပေးများကိုလည်း ဆက်လက် ဖမ်းဆီးမည်ဖြစ်ကြောင်း စဥ့်ကူး မြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ...

Latest news

- Advertisement -spot_img