26.4 C
Yangon
- Advertisement -spot_img

TAG

news

သုညဖြင့် စတင်ခဲ့ရသော တော်လှန်ရေး ၄ နှစ်ကျော်ကြာ မြင့်လာချိန် နိုင်ငံ၏ နယ်မြေ ၅၀ ရာခိုင်နှုန်းကျော်ကို ထိန်း ချုပ်နိုင်သော်လည်း ထောက်ခံအားပေးမှု နှင့်ကြံ့ကြံ့ခံမှုလိုအပ်နေဆဲဟု သံအမတ်ကြီးဦးကျော်မိုးထွန်းပြောဆို

ရန်ကုန်၊ မတ် ၁၂ မြန်မာနိုင်ငံတွင် စစ်တပ်၏ စစ်အာဏာသိမ်းမှုကြောင့် သုညဖြင့် စတင်ခဲ့ရသော တော်လှန်ရေးမှာ ၄ နှစ်ကျော်ကြာ မြင့်လာချိန် နိုင်ငံ၏ နယ်မြေ ၅၀ ရာခိုင်နှုန်းကျော်ကို ထိန်း ချုပ်နိုင်သော်လည်း ထောက်ခံအားပေးမှု နှင့်ကြံ့ကြံ့ခံမှုလိုအပ်နေဆဲဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းပြောဆိုလိုက်သည်။ မတ်လ ၆ ရက်နေ့တွင်...

ရန်ကုန်မြို့ရှိ စက်မှုဇုန်များတွင် စစ်ကောင်စီကို ILO မှ ပုဒ်မ ၃၃” နှင့် ဘာကြောင့်အရေးယူရန်လိုအပ်သလဲဆိုသည့် အချက်များ ပြည်သူများ သိရှိရန် ဖြန့်ဝေ

ရန်ကုန် ၊ မတ် ၁၂ ရန်ကုန်မြို့ရှိ စက်မှုဇုန်များတွင် စစ်ကောင်စီ အား “ILO မှ ပုဒ်မ ၃၃" နှင့် ဘာကြောင့်အရေးယူရန်လိုအပ်သလဲဆိုသည့် အချက်များပါဝင်သည့်သတင်းစကားများအား အမျိုးသမီး လစဥ်သုံးပစ္စည်းများတွင်ထည့်သွင်း၍ အလုပ်သမားထုထံ ဖြန့်ဝေသည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့နှင့် မြေပြင်သပိတ်အင်အားစုများက...

ထားဝယ်စီမံကိန်းကို ရုရှားလက်ထဲအပ်ရန်အတွက် မြန်မာ-ဂျပန်-ထိုင်းနိုင်ငံ တို့ပူးပေါင်းဆောင်ရွက်ခဲ့သည့် အထူးစီးပွားရေးဇုန် SPV ကို ဖျက်သိမ်းရန် ဒုစစ်ခေါင်းဆောင် စိုးဝင်းညွှန်ကြား

ရန်ကုန်၊ မတ် ၁၂ တနင်္သာရီတိုင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ရုရှားလက်ထဲအပ်ရန်အတွက် မြန်မာ-ဂျပန်-ထိုင်းနိုင်ငံ တို့ပူးပေါင်းဆောင်ရွက်ခဲ့သည့် အထူးစီးပွားရေးဇုန် SPV ကို ဖျက်သိမ်းရေး ညှိနှိုင်းဆွေးနွေးရန် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ညွှန်ကြားလိုက်သည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းတွင် ဒုစစ်ခေါင်းဆောင် စိုးဝင်းက အထက်ပါအတိုင်း ညွှန်ကြားလာခြင်းဖြစ်သည်။ ထားဝယ်အထူးစီးပွားရေးဇုန်အနေဖြင့် SPV...

အုတ်ဖိုတွင် စစ်တပ်က လူငယ်များကို စစ်မှုထမ်းခိုင်းရန် ပစ်ခတ်ဖမ်းဆီးစဉ် လူငယ် ၁ ဦး ကျည်ထိမှန်၊ ညောင်ဦးတွင် နာရေးအိမ်ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး အသုဘ လာသည့် လူငယ် ၂၀ ဦးကို ဖမ်းဆီး

ရန်ကုန်၊ မတ် ၁၂ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဂွေးချောင်းရွာကို ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးစဉ် ထွက်ပြေးသည့် လူငယ်များကို ပစ်ခတ်ခြင်းကြောင့် လူငယ် ၁ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၁၀ ရက်နေ့တွင် အုတ်ဖိုမြို့နယ်၊...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ နှစ်ပြည့် မွေးနေ့ ကမ်ပိန်းအတွက် သားငယ် ကိုထိန်လင်း အမေရိကန်သို့ ရောက်ရှိ

ရန်ကုန်၊ မတ် ၁၂ အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးထားသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ နှစ်ပြည့် မွေးနေ့ ကမ်ပိန်းအတွက် သားငယ် ကိုထိန်လင်း အမေရိကန်ပြည်ထောင်စု၊နယူးယောက်မြို့သို့ ရောက်ရှိလာကြောင်း သိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် Kim Aris (ခေါ်) ကိုထိန်လင်းက Suu 80th Birthday...

မှော်ဘီတွင် လူငယ်များကို စစ်မှုထမ်းခိုင်းရန် အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းနေသော ဝါးနက်ချောင်းစံပြရွာ အုပ်ချုပ်ရေးမှူးရုံးကို ၄၀ မမ ဗုံးလက်နက်ဖြင့် ပစ်ခတ်မှု စစ်သားတချို့ ထိခိုက်သေဆုံးမှုများရှိနိုင်

ရန်ကုန်၊ မတ် ၁၂ ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်တွင် စစ်မှုထမ်းရန် လူငယ်များကို အတင်းအဓမ္မ စုဆောင်းပေးနေသော ဝါးနက်ချောင်းစံပြရွာ အုပ်ချုပ်ရေးမှူးရုံးကို ၄၀ မမ ဗုံးသီး ဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း Civilian Military SRDF...

ဗန်းမော်မြို့ နှင့် ကလေးဝမြို့တို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၅ ဦး ဒဏ်ရာ အပြင်းအထန်ရ

ရန်ကုန်၊ မတ် ၁၂ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ဆင်ကုန်းရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၆ ရက်နေ့တွင် မွန်းလွဲ ၂ နာရီခန့်တွင် ဗန်းမော်မြို့ ဆင်းကုန်းရပ်ကွက်ရှိ...

ပန်းတောင်းမြို့နယ်တွင် AA ၏ ထိုးစစ်က ဥသျှစ်ပင်မြို့အနီးသို့ ရောက်ရှိလာပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးဒဏ်ရာရရှိသူ အလွန်များပြားကာ ဆေးရုံမလောက်ငှ၍ ပြည်ဒကစနှင့် မြို့တော်ခန်းမတွင်ပါ ယာယီ ဆေးရုံများဖွင့်လှစ် ကုသ

ရန်ကုန်၊ မတ် ၁၂ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တွင် AA ၏ ထိုးစစ်ကြောင့် ညောင်ကျိုးတပ်စခန်းမှ စစ်ကောင်စီတပ်များမှာ ဥသျှစ် ပင်မြို့သို့ ပြန်လည် ဆုတ်ခွာနေပြီး တိုက်ပွဲများမှာ ဥသျှစ်ပင်မြို့အနီးသို့ ရောက်ရှိလာကြောင်း ဒေသပြည်သူများနှင့် ဥသျှစ်ပင်အခြေစိုက် တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလမှစတင်ပြီး ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးတပ်စခန်းတွင်...

ဆားလင်းကြီးရှိ ရေရှည်စစ်ရှောင်များကို အာဟာရဒါန ထောက်ပံ့၊ စစ်ရှောင်ကလေးငယ်များကို စာရေးကိရိယာများကိုလည်း ထောက်ပံ့

ဆားလင်းကြီးရှိ ရေရှည်စစ်ရှောင်များကို အာဟာရဒါန ထောက်ပံ့၊ စစ်ရှောင်ကလေးငယ်များကို စာရေးကိရိယာများကိုလည်း ထောက်ပံ့ ရန်ကုန်၊ မတ် ၁၁ ဆားလင်းကြီးမြို့နယ်ရှိ ရေရှည်စစ်ရှောင်စခန်းမှ စစ်ရှောင်ပြည်သူများကို မွေးနေ့အလှူရှင် " သားသားပီယာနို "ကိုယ်စား ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်က အာဟာရဒါန ထမင်းတနပ် ကူညီထောက်ပံ့ခဲ့ကြာင်း သိရှိရသည်။ ထို့ပြင် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်က ကြားကာလဖက်ဒရယ်ပညာရေးတွင်ပညာသင်ကြားနေသော စစ်ရှောင် စခန်း...

ပြည်ပသို့ သွားရောက် အလုပ်လုပ်မည့်သူများ စစ်ကောင်စီထံမှ ခွင့်ပြုချက် ယူရမည်ဖြစ်ပြီး ခွင့်ပြုစာရင်းကို လေဆိပ်သို့ ကြိုတင်ပေးပို့မည်

ပြည်ပသို့ သွားရောက် အလုပ်လုပ်မည့်သူများ စစ်ကောင်စီထံမှ ခွင့်ပြုချက် ယူရမည်ဖြစ်ပြီး ခွင့်ပြုစာရင်းကို လေဆိပ်သို့ ကြိုတင်ပေးပို့မည် စစ်ကောင်စီ၏ အတည်ပြုအလုပ်ခေါ်စာများနှင့် ကျွမ်းကျင်အလုပ်များအတွက် OWIC ကတ် ပြန်ထုတ်ပေးပြီး အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်အမျိုးသားများကို ပြည်ပအလုပ် လုပ်ခွင့် ဆက်ပိတ် ရန်ကုန်၊...

Latest news

- Advertisement -spot_img