25.2 C
Yangon
- Advertisement -spot_img

TAG

news

မြိုင်မြို့ပေါ်တွင် ဈေးဝယ်ထွက်လာသည့် စစ်ကောင်စီ တပ်သား ၂ ဦးကို စောင့်ကြို တိုက်ခိုက်မှု ၂ ဦးလုံးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၇ မကွေးတိုင်း၊ မြိုင်မြို့ပေါ်တွင် ဈေးဝယ်ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးကို စောင့်ကြို တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Joker ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။ နိုဝင်ဘာလ...

အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရမ့် ရွေးကောက်ခံရမှု NUG ယာယီသမ္မတ ဂုဏ်ပြုလိုက်ပြီး ခိုင်မာသော ဆက်ဆံရေး ဆက်လက်ထူထောင်ရန် မျှော်လင့်ဟုဆို၊ မြန်မာ့အရေးနှင့် ဒုက္ခသည်များအရေး အမေရိကန်အစိုးရသစ်က လျစ်လျူရှုမည်ကို ပြည်တွင်းပြည်ပ စိုးရိမ်

ရန်ကုန်၊ နိုဝင်ဘာ ၇ အမေရိကန်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံလိုက်ရသော သမ္မတဟောင်း ဒေါ်နယ်ထရမ့် ပြန်လည် ရွေးကောက်ခံရမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ချီးကျူးဂုဏ်ပြုကြောင်း သူ၏ လူမှုကွန်ရက် X အကောင့်မှ တစ်ဆင့် ထုတ်ပြန် ပြောဆိုသည်။ "အမေရိကန်သမ္မတအဖြစ် ပြန်လည် ရွေးကောက် အနိုင်ရရှိမှု အပေါ် ဂုဏ်ယူကြောင်း၊...

စစ်ကောင်စီက စစ်မှုထမ်းသင်တန်းကျောင်းတွင် ဒရုန်းဖြင့် ဗုံးကျဲမှု သင်ခန်းစာများပို့ချပြီး ဒရုန်းနှင့် ကပစ ထုတ် ဒရုန်းဗုံးများ ပေးပို့

ရန်ကုန်၊ နိုဝင်ဘာ ၇ အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းသင်တန်းကျောင်းများတွင် ဒရုန်းဖြင့် ဗုံးကျဲသည့် သင်ခန်းစာများ ပို့ချပြီး ဒရုန်းများနှင့် ကပစထုတ် ဒရုန်းဗုံးများကိုလည်း ပေးပို့ထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်မှုထမ်းအဖြစ် စုဆောင်းခံရသည့် လူငယ်များထဲမှ အခြေခံပညာအလယ်တန်းအဆင့်ရှိပြီး ဒရုန်းများနှင့်ပတ်သက်၍ စိတ်ပါဝင်စားသော တပ်သားသစ်များကို ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ ဒရုန်းဖြင့် ကင်းထောက်ခြင်း၊...

တောင်ကုတ်တွင် စစ်တပ်နှင့် AA အကြား တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းဗုံးကျဲမှုများဖြင့် အပြင်းအထန် ခုခံနေ

ရန်ကုန်| နိုဝင်ဘာ ၇ ရခိုင်ပြည် တောင်ကုတ်မြို့နယ် ပန်းမြောက်တောင်အနီးနှင့် ဇီးကိုင်းတောင် အနောက်ဘက်တို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးအလုံးရာချီ ကျဲချတိုက်ခိုက်နေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ နိုဝင်ဘာလ ၃ ရက်နေ့ ပန်းမြောက်တောင်ပေါ်ရှိ စစ်ကောင်စီ၏ အမြောက်တပ်ရင်းကို...

ဝေါမြို့နယ် အုပ်ချုပ်ရေးမှူး သီဟထွန်းက တစ်ရွာလျှင် လူ ၃ ဦး တပ်သားသစ်စုဆောင်းပေးရန်၊ လူမပေးနိုင်လျှင် တပ်သားသစ် ၁ ဦးအတွက် ၆၃ သိန်းနှုန်း ငွေပေးရန် အစည်းအဝေးခေါ်ယူ အမိန့်ပေး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများကို ဝေါပကဖက အရေးယူမည်

ရန်ကုန်၊ နိုဝင်ဘာ ၇ ပဲခူးတိုင်း၊ ဝေါမြို့နယ်အုပ်ချုပ်ရေးမှူး သီဟထွန်းက တစ်ရွာလျှင် လူ ၃ ဦး တပ်သားသစ်စုဆောင်းပေးရန်၊ လူမပေးနိုင်ပါက တပ်သားသစ် ၁ ဦးအတွက် ကျပ် ၆၃ သိန်းနှုန်း ငွေပေးရန် အစည်းအဝေးခေါ်ယူ အမိန့်ပေးလိုက်ရာ အဆိုပါ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများကို ဝေါမြို့နယ်ပကဖက အရေးယူသွားမည်ဖြစ်ကြောင်း...

ထိုင်းနိုင်ငံတွင် သန့်ရှင်းမှုမရှိသော ရေခဲမုန့် ထုတ်လုပ်ရောင်းသူ မြန်မာနိုင်ငံသား ၂ ဦးနှင့် တရားမဝင် စျေးရောင်းသူ မြန်မာ ၁ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးအရေးယူ

ရန်ကုန်၊ နိုဝင်ဘာ ၇ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တွင် သန့်ရှင်းမှုမရှိသော ရေခဲမုန့် ထုတ်လုပ်ရောင်းသူ မြန်မာနိုင်ငံသား ၂ ဦးနှင့် တရားမဝင် စျေးရောင်းသူ မြန်မာ ၁ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးအရေးယူထားကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။ နိုဝင်ဘာလ ၆ ရက်နေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Bang Kadi...

တပ်သားသစ်စုဆောင်းရာတွင် စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များက လူမိုက်များနှင့်ပျူစောထီးများကို ငွေကြေးပေး၍ လူငယ်များကို ဖမ်းဆီးခိုင်းမှုများ အလွန်များပြားလာ

ရန်ကုန်၊ နိုဝင်ဘာ ၇ မြန်မာနိုင်ငံတစ်ဝန်း စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ်များ စုဆောင်းရာတွင် စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များက လူမိုက်များနှင့် ပျူစောထီးများကို ငွေ ကြေးပေး၍ လူငယ်များကို ဖမ်းဆီးခိုင်းမှုများ အလွန်များပြားလာနေကြောင်း ဖမ်းဆီးခံရသောလူငယ်များ၏ မိဘဆွေမျိုးများ၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။ အထူးသဖြင့် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးပြေးကားဝင်းတွင် အောက်တိုဘာလအတွင်း...

သံတောင်ကြီး၊ ကျောက်လုံးကြီးစခန်းရှေ့တွင် မော်တော်ယာဉ်များကို ဆက်ကြေးကောက် နေသော စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၇ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ကျောက်လုံးကြီးစခန်းရှေ့တွင် မော်တော်ယာဉ်များကို ဆက် ကြေးကောက်နေသည့် စစ်တပ်ကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ ကြောင်း People Defense Force Thandaungမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။ အောက်တိုဘာလ ၃၁ ရက်နေ့...

အကြမ်းဖက် စစ်ကောင်စီက မင်းတပ်မြို့ကို ညသန်းခေါင်ကျော် အချိန် လေယာဉ်ဖြင့် ဗုံးကျဲချမှု ဘုရားကျောင်း ၂ ကျောင်းအပါအဝင် လူနေအိမ်များပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၇ အကြမ်းဖက် စစ်ကောင်စီက မင်းတပ်မြို့ကို ညသန်းခေါင်ကျော် အချိန် စစ်လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် ဘုရားကျောင်း ၂ ကျောင်းအပါအဝင် လူနေအိမ်တွေပျက်စီးခဲ့ကြောင်း သိရှိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၆ ရက်နေ့ ၊ နံနက် ၂ နာရီကျော်အချိန် ၊ နိုဝင်ဘာလ ၅...

MNDAA ၊ AA နှင့် TNLA တို့က တရုတ်ကြားဝင်စေ့စပ်ထားသော ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဖောက်ဖျက်ပြီး မြို့ရွာများကို တိုက်ခိုက်ဟု မင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ်ကို တိုင်ကြား၊ တရုတ်ကလည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ကူညီမည်ဟု ကတိပြု

ရန်ကုန်၊ နိုဝင်ဘာ ၇ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA ၊ AA နှင့် TNLA တို့က တရုတ်ကြားဝင်စေ့စပ်ထားသော ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဖောက်ဖျက်ပြီး မြို့ရွာများကို တိုက်ခိုက်နေကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ် Mr. Li Qiang ကို တိုင်ကြားသည်။ နိုဝင်ဘာလ ၆ ရက်နေ့...

Latest news

- Advertisement -spot_img