34 C
Yangon

စစ်ကောင်စီက စစ်မှုထမ်းသင်တန်းကျောင်းတွင် ဒရုန်းဖြင့် ဗုံးကျဲမှု သင်ခန်းစာများပို့ချပြီး ဒရုန်းနှင့် ကပစ ထုတ် ဒရုန်းဗုံးများ ပေးပို့

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းသင်တန်းကျောင်းများတွင် ဒရုန်းဖြင့် ဗုံးကျဲသည့် သင်ခန်းစာများ ပို့ချပြီး ဒရုန်းများနှင့် ကပစထုတ် ဒရုန်းဗုံးများကိုလည်း ပေးပို့ထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်မှုထမ်းအဖြစ် စုဆောင်းခံရသည့် လူငယ်များထဲမှ အခြေခံပညာအလယ်တန်းအဆင့်ရှိပြီး ဒရုန်းများနှင့်ပတ်သက်၍ စိတ်ပါဝင်စားသော တပ်သားသစ်များကို ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ ဒရုန်းဖြင့် ကင်းထောက်ခြင်း၊ ဒရုန်းကို မည်ကဲ့သို့ ကျွမ်းကျင်စွာ ပျံသန်းသနည်း ဆိုသော သင်ခန်းစာများကို ပို့ချနေပြီး လတ်တလော စစ်မှုထမ်းသင်တန်းကျောင်းတချို့တွင်သာ စတင်သင်ကြားနိုင်သေးကြောင်း၊ လာမည့် စစ်မှုထမ်းအပတ်စဉ်အသစ်များတွင် တစ်နိုင်ငံလုံးရှိ စစ်သင်တန်းကျောင်းများတွင် ဒရုန်းဘာသာရပ်ကို ထည့်သွင်းသင်ကြားမည်ဖြစ်ကြောင်း သိရှိရသည်။

“ဒရုန်းကတော့ တရုတ်ထုတ်ဖြစ်ပါတယ်။ ဗုံးတွေကတော့ ကပစ ထုတ်တွေ ပေးပို့ထားပါတယ်။ အဓိက အခြေခံပညာအလယ်တန်းအဆင့်အောင်မြင်ပြီးသား ဒရုန်းဘာသာရပ်ကို စိတ်ဝင်စားသူတွေကို ပြန်လည်စုစည်းပြီး သင်ကြားတာပါ။ သင်တန်းကျောင်းတိုင်းတော့ မရောက်သေးဘူး။ ရန်ကုန်နဲ့ ရှမ်းဘက်က သင်တန်းကျောင်းတွေမှာတော့ စသင်နေပါပြီ။ သိပ်မကြာခင်တော့ တစ်နိုင်ငံလုံး သင်တန်းကျောင်းတွေမှာ သင်ကြားမယ်လို့ သိရပါတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဒရုန်းဘာသာရပ်ကို သင်ယူသည့် စစ်မှုထမ်း တပ်သားသစ်များသည် အဓိကအားဖြင့် ရှေ့တန်းစေလွှတ်မည်ဖြစ်သော်လည်း တိုက်ခိုက်ရေးအလုပ်များအစား နောက်တန်းမှ ထောက်လှမ်းခြင်းနှင့် ဒရုန်းဖြင့် ဗုံးကျဲသည့် စစ်ဆင်ရေးများတွင် အဓိက အသုံးပြုမည်ဖြစ်ကြောင်း၊ သင်ကြားရေး လုပ်နေသည့် အရာရှိနှင့်စစ်သည်များမှာ ဆင့်ပွား ဒရုန်းသင်တန်းများမှ ဆင်းလာသော သင်တန်းဆရာများဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင်စစ်ကောင်စီက တရုတ်နိုင်ငံမှ ဘက်စုံသုံး ဒရုန်းများကို ထပ်မံမှာယူထားပြီး အဆိုပါဒရုန်းများကို ကပစထုတ်စက်ရုံများတွင် စစ်ဘက်သုံးဒရုန်းများအဖြစ် ပြန်လည် ပြုပြင် သုံးစွဲနေကြောင်း၊ ကပစစက်ရုံးများကမူ ဒရုန်းဗုံးများ အဆက်မပြတ် ပမာဏ အများအပြားဖြင့် ဆက်လက် ထုတ်လုပ်နေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article