26 C
Yangon
- Advertisement -spot_img

TAG

NUG

မင်းအောင်လှိုင်က ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်ဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို စိစစ်နေမှုများကို သူကိုယ်တိုင် လုပ်နေဟု ထုတ်ပြော၊ မဲဆွယ်စည်းရုံးကာလအတွင် စစ်တပ်ကို ဝေဖန်တိုက်ခိုက်လျှင် အမတ်လောင်းအဖြစ်မှ ပယ်ဖျက်နိုင်ဟု ခြိမ်းခြောက်

ရန်ကုန်၊ အောက်တိုဘာ ၁၇ အကြမ်းဖက် မင်းအောင်လှိုင်က ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်ဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို စိစစ်နေမှုများကို သူကိုယ်တိုင် လုပ်ဆောင်နေကြောင်း ထုတ်ဖော်ပြောဆိုသည်။ အောက်တိုဘာလ ၁၅ ရက်နေ့ ပြုလုပ်သည့် NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် မင်းအောင်လှိုင်က ထိုသို့ ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။ စစ်တပ်က ဒီဇင်ဘာလ ၂၈ ရက်နေ့...

ထိုင်းနိုင်ငံ မဟာချိုင်တွင် တရားဝင် အလုပ်သမားလက်မှတ် (ဘတ်)အသစ်တင်ရန် စောင့်စားနေကြသည့် မြန်မာနိုင်ငံသား ၁၃၁ ဦးကို တိုင်ကြားမှုကြောင့် ထိုင်းအာဏာပိုင်များက ဝင်ရောက် ဖမ်းဆီး

ရန်ကုန်၊ အောက်တိုဘာ ၁၇ ထိုင်းနိုင်ငံ စာမွတ်ဆာခွတ်ခရိုင် မဟာချိုင်နယ်မြေ လူနေတိုက်တန်းလျားတစ်ခုတွင် နေထိုင်ကာ ပန်းရောင်ဘတ် လုပ်ရန် စောင့်စားနေကြသည့် အထောက်အထားမဲ့ မြန်မာ ၁၃၁ ဦးကို တိုင်ကြားမှုကြောင့် ယမန်နေ့ ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးလိုက်ကြောင်း ထိုင်းရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားများကို ကူညီပေးနေသည့် အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့...

စစ်တပ်က အာဏာ ထိန်းချုပ်လိုက်ခြင်းကြောင့် NCA နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရပ်တန့်သွားရဟု RCSS ထုတ်ပြော၊ နေပြည်တော် NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်ပွဲသို့ RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရွက်ဆစ် မတက်

ရန်ကုန်၊ အောက်တိုဘာ ၁၇ အကြမ်းဖက်စစ်တပ်က တိုင်းပြည်အာဏာကို ထိန်းချုပ်လိုက်ခြင်းကြောင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA စာချုပ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရပ်တန့်သွားရကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) က ယမန်နေ့ သတင်းထုတ်ပြန်သည်။ NCA ၁၀ နှစ်ပြည့်နှစ်ပတ်လည်အဖြစ် ထုတ်ပြန်သော RCSSS ၏ ကြေညာချက်တွင် ထိုကဲ့သို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်ပြီး နေပြည်တော်တွင် ပြုလုပ်သည့်...

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၁၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ပဲခူးတိုင်း ၊ လက်ပံတန်းမြို့နယ်က သရက်ချောင်း ကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနဲ့ တော်တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်တပ်ဘက်က စစ်သား အယောက် ၂၀ ကတော့ အသီးသီး...

အမေဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်၊ စကားပြောခွင့်ပေးရန် နှင့် ဆေးကုသခွင့်ပေးရန် သားတစ်ဦးအနေဖြင့် တောင်းဆိုနေသော်လည်း စစ်အုပ်စုက မည်သို့မျှ မတုံ့ပြန်ဟု ကိုထိန်လင်းပြော

ရန်ကုန်၊ အောက်တိုဘာ ၁၆ အမေဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်၊ စကားပြောခွင့်ပေးရန် နှင့် ဆေးကုသခွင့်ပေးရန် သားတစ်ဦးအနေဖြင့် တောင်းဆိုနေသော်လည်း စစ်အုပ်စုက မည်သို့မျှ မတုံ့ပြန်ကြောင်း သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်က လူမှုကွန်ရက်မှ တစ်ဆင့် သတင်းထုတ်ပြန် ပြောဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် တောင်းဆိုမှုများ လုပ်ဆောင်နေရာတွင် နိုင်ငံရေးသမားတစ်ဦးအနေဖြင့်...

စစ်အုပ်စုက မြန်မာပြည်သူများအပေါ် လူမဆန်သော လုပ်ရပ်များ ကျူးလွန်နေမှုမှ ကယ်တင်ပေးရေး မည်သို့ လုပ်ဆောင်နိုင်မည်ကို အကြံပြုကြရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်းတောင်းဆို

ရန်ကုန်၊ အောက်တိုဘာ ၁၆ အကြမ်းဖက် စစ်အုပ်စုက မြန်မာပြည်သူများအပေါ် လူမဆန်သော လုပ်ရပ်များ ကျူးလွန်နေမှုမှ ကယ်တင်ပေးရေး မည်သို့ လုပ်ဆောင်နိုင်မည်ကို အကြံပြုကြရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်းတောင်းဆိုလိုက်သည်။ အောက်တိုဘာလ ၁၅ ရက်နေ့ ၊ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကုလသမဂ္ဂ လူမှုရေး၊...

ဟားခါးမြို့မရဲစခန်းမှ အကျဉ်းသားများ ကယ်ထုတ်ရေးအတွက် လျှပ်တပြက် စစ်ဆင်ရေးဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦး သေဆုံးပြီး ဖမ်းဆီးခံထားရသော CNA ၊ CDF ရဲဘော်များအပါအဝင် အကျဉ်းသား ၁၅ ဦး ကယ်ထုတ်နိုင်ခဲ့

ရန်ကုန်၊ အောက်တိုဘာ ၁၆ ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းမှ အကျဉ်းသားကယ်ထုတ်ရေး လျှပ်တပြက်စစ်ဆင်ရေးဖော် ဆောင်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးပြီး CNA ၊ CDF ရဲဘော်များအပါအဝင် အကျဉ်းသား ၁၅ ဦးကယ်ထုတ်နိုင်ခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး - CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

လက်ပံတန်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၁၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်

ရန်ကုန်၊ အောက်တိုဘာ ၁၆ ပဲခူးတိုင်း၊ လက်ပံတန်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၁၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ တရားဝင်သတင်းထုတ်ပြန်သည်။ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီအချိန် လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာဘက်သို့ မီးရှို့ဖျက်ဆီးရန်...

ညောင်ဦးမြို့နယ်နှင့် နွားထိုးကြီးမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာများကို ဝင်ရောက် စီးနင်းပြီး နေအိမ် ၃၀ ကျော်ကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ အောက်တိုဘာ ၁၆ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၃ ရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ် ၂၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရန်ကြီးအောင် တပ်ဖွဲ့ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလ ၁၀ ရက်နေ့မှ စတင်ပြီး...

ကော့သောင်းမြို့နယ်တွင် စစ်ကောင်စီ၏အတုအယောင် ရွေးကောက်ပွဲတွင် ပါဝင်လှုပ်ရှားနေသူများကို စတင်အရေးယူနေပြီဟု ကော့သောင်း ပကဖ သတိပေး

ရန်ကုန်၊ အောက်တိုဘာ ၁၆ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် စစ်ကောင်စီအတုအယောင်ရွေးကောက်ပွဲတွင် ပါဝင်လုပ် ဆောင်နေသူများအား အရေးယူဆောင်ရွက်လျက်ရှိကြောင်း ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့ -ပကဖ မှ တာဝန်ခံ ကိုလပြည့်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယခုရက်ပိုင်းအတွင်း ကော့သောင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင် ရွေးကောက် ပွဲနှင့်ပတ်သက်၍ မြို့ပေါ်တွင်လည်းကောင်း၊ ကျေးရွာအချို့တွင်လည်းကောင်း လှုပ်ရှားဆောင်ရွက်မှု...

Latest news

- Advertisement -spot_img