25 C
Yangon
- Advertisement -spot_img

TAG

NUG

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၁၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အကြမ်းဖက် စစ်တပ်က သူတို့လုပ်မယ့် ရွေးကောက်ပွဲကို အာဆီယံက ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီး တစ်ဖက်သတ်သတင်းထုတ်ပြန်နေပြန်သလို ၊ သူတို့ရဲ့ထုတ်ပြန်ချက်ဟာ မြန်မာ့အရေး ဖြေရှင်းရာမှာ ရွေးကောက်ပွဲက ဦးစားပေးမဟုတ်ဘူးဆိုတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ရပ်တည်ချက်နဲ့ ကွဲလွဲနေပြန်ပါတယ်။ အကြမ်းဖက် စစ်တပ်က...

တနင်္သာရီနှင့် ထားဝယ်မြို့နယ်တို့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ပြည်သူ ၄၀၀ ဝန်းကျင် ထွက်ပြေးရ ၊ ဘီးလင်းတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် သေဆုံးသူ ၅ ဦးအထိ တိုးလာ

ရန်ကုန်၊ အောက်တိုဘာ ၁၀ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ တကူရွာနှင့် ထားဝယ်မြို့နယ် ထီးခီးရွာကို အကြမ်းဖက် စစ်တပ် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၁၀...

ရန်ကုန်-ဒလတံတား နောက်ဆုံးအဆင့် မင်းအောင်လှိုင် လာကြည့်၍ မြစ်ကူး သမ္ဗာန်ဆိပ်များအားလုံး ပိတ်ပင်လိုက်ပြီး မြစ်အတွင်း စစ်သင်္ဘောများ ကင်းလှည့်၊ ဒလမြို့နယ်နှင့်ရန်ကုန်မြို့ဆိပ်ကမ်းဝန်းကျင်တစ်ခုလုံးကို လုံခြုံရေး တင်းကျပ်

ရန်ကုန်၊ အောက်တိုဘာ ၁၀ ရန်ကုန်-ဒလတံတား နောက်ဆုံးအဆင့်အခြေအနေကို အကြမ်းဖက် မင်းအောင်လှိုင်က လာရောက်ကြည့်ရှုမည်ဖြစ်၍ ရန်ကုန်-ဒလ မြစ်ကူး သမ္ဗာန်ဆိပ်များအားလုံးကို စစ်တပ်က ပိတ်ပင်လိုက်ပြီး မြစ်အတွင်း စစ်သင်္ဘောများ ကင်းလှည့်နေကြောင်း ဒေသပြည်သူများနှင့် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့ အောက်တိုဘာလ ၉ ရက်နေ့ ည ၈ နာရီကတည်းက...

ပြည်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသော ပျူစောထီး ခေါင်းဆောင် လှမြင့်ကို အရှင်ဖမ်းမိသော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၀ ပဲခူးတိုင်း၊ ပြည်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ် ရွေးကောက်ပွဲကို ကူညီနေသည့် ပျူစောထီး ခေါင်းဆောင် လှမြင့်ကို အရှင်ဖမ်းမိသော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း ၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ Red...

ချောက်မြို့နှင့်ဝမ်းတွင်းမြို့နယ်တို့တွင် စစ်မှုထမ်းအပတ်စဉ် ၁၈ အတွက် လူငယ် ၂၅ ဦးနီးပါးကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး

ရန်ကုန်၊ အောက်တိုဘာ ၁၀ မကွေးတိုင်း၊ ချောက်မြို့ပေါ် ရပ်ကွက်များကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ၃ရက်ဆက်တိုက် လူငယ် ၂၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း People Defense Force -Chauk -သခင်ဖိုးလှကြီး တပ်ခွဲမှ သတင်းနှင့် ပြန်ကြားရေး ဖီးနစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ အောက်တိုဘာလ...

ဗန်းမော်မြို့တွင်းရှိ စစ်တပ် တပ်စွဲထားသော နေရာ ၅ ခုထက်မနည်းကို KIA ပူးပေါင်းတပ်များက ပြန်လည် တိုက်ခိုက်သိမ်းပိုက်ထားပြီး တန်ပြန်ထိုးစစ်ဆင်

ရန်ကုန်၊ အောက်တိုဘာ ၁၀ ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် စစ်တပ်က တပ်စွဲထားသော နေရာ ၅ ခုထက်မနည်းကို KIA ပူးပေါင်းတပ်များက ပြန်လည် တိုက်ခိုက်သိမ်းပိုက်ထားပြီး တန်ပြန်ထိုးစစ်ဆင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလ ၈ ရက်နေ့နှင့် အောက်တိုဘာလ ၉ ရက်နေ့တို့တွင်...

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၁၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးထားတဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် NLD အစိုးရခေါင်းဆောင်တွေဟာ နိုင်ငံရေးအကျဉ်းသားမဟုတ်ဘဲ အကျင့်ပျက်လာဘ်စားတဲ့အတွက် ပြစ်ဒဏ်ကျခံရသူတွေသာ ဖြစ်တယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ သက်သက်ခိုင်က ပြောဆိုလိုက်ပါတယ်။ နေပြည်တော်မှာ မဲစာရင်းမှားတယ်လို့ ဝေဖန်ခဲ့တဲ့ ဘူးလက်လှဆွေကို အောက်တိုဘာ ၈...

အာဆီယံက စစ်တပ်၏ ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်မည်ဟု စစ်တပ်က တစ်ဖက်သတ်သတင်းထုတ်ပြန်၊ မြန်မာ့အရေး ဖြေရှင်းရာတွင် ရွေးကောက်ပွဲက ဦးစားပေးမဟုတ်ဆိုသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ရပ်တည်ချက်နှင့် ကွဲလွဲနေ

ရန်ကုန်၊ အောက်တိုဘာ ၁၀ အာဆီယံက စစ်တပ်၏ ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်မည်ဟု မလေးရှားနိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟက်ဆန်က ပြောဆိုကြောင်း မြန်မာအကြမ်းဖက် စစ်တပ်က တစ်ဖက်သတ်သတင်းထုတ်ပြန်သည်။ ယမန်နေ့ နေပြည်တော်တွင် မလေးရှားနိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟက်ဆန်နှင့် အကြမ်းဖက် မင်းအောင်လှိုင်တို့ တွေ့ဆုံစဉ် မလေးရှားနိုင်ငံခြားရေး ဝန်ကြီးက...

ဘီးလင်းနှင့် မိုးမိတ်မြို့နယ်တို့ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၁၁ ဦးသေဆုံးပြီး ၁၁ ဦး အပြင်းအထန်ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၁၀ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တို့ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၁၁ ဦးသေဆုံးပြီး ၁၁ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ ၁ နယ်မြေ၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ၊ ပျဉ်းမပင်ဆိပ်အနောက်ကျေးရွာသို့...

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ကချင်ပြည်နယ်က ၀ိုင်းမော် နဲ့ ဗန်းမော် မြို့ တိုက်ပွဲတွေမှာ အကြမ်းဖက် စစ်တပ်ရဲ့ကာကင်းစခန်းတွေနဲ့ တပ်စွဲထားရာ နေရာတွေကို KIA ပူပေါင်းတပ်တွေက ဆက်တိုက်ပြန်လည် သိမ်းပိုက်လာပြီး စစ်တပ်ဘက်က ဗိုလ်မှုး ၁...

Latest news

- Advertisement -spot_img