27 C
Yangon

ချောက်မြို့နှင့်ဝမ်းတွင်းမြို့နယ်တို့တွင် စစ်မှုထမ်းအပတ်စဉ် ၁၈ အတွက် လူငယ် ၂၅ ဦးနီးပါးကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၀

မကွေးတိုင်း၊ ချောက်မြို့ပေါ် ရပ်ကွက်များကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ၃ရက်ဆက်တိုက် လူငယ် ၂၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း People Defense Force -Chauk -သခင်ဖိုးလှကြီး တပ်ခွဲမှ သတင်းနှင့် ပြန်ကြားရေး ဖီးနစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

အောက်တိုဘာလ ၆ရက်မှ အောက်တိုဘာလ ၈ရက်နေ့အထိ ညပိုင်းအချိန်များတွင် ချောက်မြို့ပေါ် ရပ်ကွက်ထဲရှိ နေအိမ်ထဲအထိ စစ်တပ်က ဝင်ရောက်စီးနင်းပြီး ၃ရက်ဆက်တိုက် လူငယ် ၂၀ ဦးကျော်ကို ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ အကြမ်း ဖက် စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များမှာ အလုပ်သမားများ၊ ကျောင်းသားများဖြစ်ကြပြီး အသက်အရွယ်အားဖြင့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များဖြစ်ကြောင်း သိရှိရသည်။

” စစ်ခွေးတွေက ပေါ်တာဆွဲတာက အချိန် မသတ်မှတ်တော့ဘူး။ သူဝင်ချင်တဲ့အချိန် ဝင်ပြီးဆွဲနေတော့တာ။ အိမ်ထဲအထိဝင်ဆွဲနေတာ။ အခုက မြို့ပေါ်ရပ်ကွက်တွေပဲဆွဲနေတာ။ သူတို့က ကျေးရွာဘက်တွေကို အရမ်းမလာရဲဘူး။ မြို့ပေါ်မှာတော့ တစ်မြို့လုံးပတ်ဆွဲနေတော့တာ။ အမျိုး သားတွေပဲ ပေါ်တာ ဆွဲနေတာပါ။ မြို့ပေါ်အများစုက ငွေနဲ့လိုက်ရွေးကြတာများတယ်။ ငွေတတ်နိုင်တဲ့သူက လွတ်တာများတယ်။ လက်လုပ်လက်စားသမားတွေက စစ်မှုထမ်းထဲရောက်သွားကြတယ်။ ဖမ်းထားတဲ့သူတွေကို အရင်က ထွေအုပ်ရုံးထဲနဲ့ ၁၃တပ် မှာ ဖမ်းလေ့ရှိတယ်။ “ဟု People Defense Force -Chauk -သခင်ဖိုးလှကြီး တပ်ခွဲမှ သတင်းနှင့် ပြန်ကြားရေး ဖီးနစ်က ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ကျေးရွာ ၄ ခုကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး အသက် ၁၈နှစ်အရွယ် လူငယ် ၁ ဦး အပါအဝင် လူငယ် ၅ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း Voice Of Wundwin မှ ဝာာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် ဝမ်းတွင်းမြို့နယ်ရှိ ကျင်းရွာမှ လူငယ် ၁ ဦး ၊ ဖိုလ်ကုန်းရွာမှ လူငယ် ၁ ဦးနှင့် အိုင်သာရွာ ၊ နတ်နန်းရွာတို့မှ လူငယ် ၃ ဦးကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“ဝမ်းတွင်းမှာ အမျိုးသားတွေကိုပဲ ပေါ်တာဆွဲတာ အရမ်းများလာတယ်။ လက်ရှိမှာ လူငယ် ၅ ဦးကို ဝမ်းတွင်း စခန်း နဲ့ ပင်းတလဲ စခန်း ၂ ခုမှာ ဘယ်စခန်းမှာ ဖမ်းထားလဲ မသိရသေးဘူး” ဟု Voice of Wundwin မှ ဝာဝန်ရှိသူက ရှင်းပြသည်။

ထို့အတူ အောက်တိုဘာလ ၅ ရက်နေ့ကလည်း ဝမ်းတွင်းမြို့နယ်၊ ခံဘဲ့ရွာ၊ ရွာသစ်ရွာ၊ တောင်ဆည်ရွာနှင့် အိုမတွေ့ရွာတို့မှ လူငယ် ၅ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး အောက်တိုဘာလအတွင်း လူငယ် ၁၀ ဦးထက်မနည်း နေ့စဉ်ဆက်တိုက် ပေါ်တာဆွဲ ဖမ်းဆီးခံနေရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article