25 C
Yangon
- Advertisement -spot_img

TAG

politics

CRPH နှင့် အကြမ်းဖက်စစ်တပ်တို့က တစ်ပြိုင်နက်တည်း လွှတ်တော်အစည်းအဝေးများ ခေါ်ယူ

ရန်ကုန်၊ မတ် ၁၆ ၂၀၂၀ ရွေးကောက်ပွဲအရ ရွေးကောက်တင်မြှောက်ထားသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ပြုကော်မတီ-CRPH က ယနေ့ မတ်လ ၁၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများ ခေါ်ယူကျင်းပမည်ဖြစ်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ- NUG က တရားဝင် သတင်းထုတ်ပြန်ကြေညာသည်။ CRPH က ပြည်ထောင်စုလွှတ်တော် နဝမအကြိမ်အစည်းအဝေး ကို ယနေ့...

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲ လွတ်လပ်တရားမျှတမှု လုံးဝမရှိ၍ အသိအမှတ်မပြုဟု ဗြိတိန်ပြော

ရန်ကုန်၊ မတ် ၁၅ မြန်မာစစ်တပ်က ဦးစီးကျင်းပခဲ့သော ရွေးကောက်ပွဲများသည် လွတ်လပ်ပြီး တရားမျှတမှု လုံးဝမရှိဘဲ မြန်မာ့အရေးအတွက် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကိုသာ ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ (UK) သံအမတ်ကြီး Eleanor Sanders က ပြောဆိုလိုက်သည်။ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့...

မြန်မာနိုင်ငံတွင် စစ်အုပ်စု၏ ရူးသွပ်စွာ အာဏာတပ်မက်မှုကြောင့် လူကဖန်တီးသော ဘေးဆိုးအန္တရာယ် ထုထည် အံ့မခန်း ကြီးထွားလာနေဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း သတိပေး

ရန်ကုန်၊ မတ် ၁၄ မြန်မာနိုင်ငံတွင် စစ်အုပ်စု၏ ရူးသွပ်စွာ အာဏာတပ်မက်မှုကြောင့် ဖြစ်ပေါ်လာရသည့် လူကဖန်တီးသော ဘေးဆိုးအန္တရာယ် (Man-made disaster) ထုထည်မှာ အံ့မခန်း ကြီးထွားလာနေကြောင်း ကုလ သမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေးပြောကြားလိုက်သည်။ မတ်လ ၁၂ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊...

မြန်မာစစ်တပ်အပေါ် ဘက်စုံပိတ်ဆို့ရန်နှင့် မြန်မာနိုင်ငံ၏ အခြေအနေကို ICC တရားရုံးသို့ လွှဲပြောင်းရန် FIDH က ကုလသမဂ္ဂလူ့အခွင့်အရေးညီလာခံတွင် တင်ပြတောင်းဆို

ရန်ကုန်၊ မတ် ၁၄ မြန်မာစစ်အုပ်စုအပေါ် ဘက်စုံ လက်နက်ပိတ်ဆို့မှုများ ပြုလုပ်ရန်နှင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေ အနေများကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) သို့ အမြန်ဆုံး လွှဲပြောင်းတင်ပြရန် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များ အဖွဲ့ချုပ် (FIDH) က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၆၁ ကြိမ်မြောက်...

NUG အစိုးရနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့တို့ အကြား လုပ်ပိုင်ခွင့်အာဏာခွဲ ဝေခြင်း အချက် ၉ ချက်သဘောတူပြီး လိုအပ်ချက်များကို ဆွေးနွေး

ရန်ကုန်၊ မတ် ၁၂ NUG အစိုးရနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့တို့ တွေ့ဆုံပြီး လုပ်ပိုင်ခွင့်အာဏာခွဲ ဝေခြင်း အချက် ၉ ချက်သဘောတူညီခဲ့ကာ ပြင်ဆင်ဖြည့်စွက်ရန်လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ မတ်လ ၁၀ ရက်နေ့ စစ်ကိုင်းတိုင်းအတွင်းရှိ လွတ်မြောက်နယ်မြေတစ်နေရာတွင် အမျိုးသားညီညွတ် ရေးအစိုးရအဖွဲ့ဝင်များနှင့်စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့တို့ တွေ့ဆုံပြီး လုပ်ပိုင်ခွင့် အာဏာခွဲဝေခြင်း...

စစ်တပ်၏ ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာမည့် အုပ်ချုပ်ရေးအဖွဲ့နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန် အသက် သွင်းမည့် နိုင်ငံရေးဆွေးနွေးပွဲများကို လက်မခံဟု မွန်တော်လှန်ရေးအဖွဲ့များပြော

ရန်ကုန်၊ မတ် ၁၂ စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲမှ တက်လာမည့် အုပ်ချုပ်ရေးအဖွဲ့နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည် အသက်သွင်းမည့် နိုင်ငံရေးဆွေးနွေးပွဲများကို လက်မခံကြောင်း မွန်တော်လှန်ရေးဖိုရမ် ပြောရေးဆိုခွင့်ရှိသူ မိရော့ချမ်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယခုနှစ် မတ်လ ၉ ရက်နေ့မှ မတ်လ ၁၁ နေ့အထိ မွန်တော်လှန်ရေးအဖွဲ့အစည်းများအကြား...

တရုတ်က KIO/KIA ကို စစ်တပ်နှင့် နိုင်ငံရေးဆွေးနွေးရန် အကြံပြုပြီး တိုက်ပွဲများ မဖော်ဆောင်ရန် ပြောလာဟုဆို

ရန်ကုန်၊ မတ် ၁၁ တရုတ်က KIO/KIA ကို စစ်တပ်နှင့် နိုင်ငံရေးဆွေးနွေးရန် အကြံပြုလာသော်လည်း အမှန်တကယ် နိုင်ငံရေးအပြောင်းအလဲဖြစ်နိုင်သော ဆွေးနွေးမှုမျိုးဖြစ်လာနိုင်မှသာ ဆွေးနွေးပွဲများ ဖြစ်လာနိုင်စရာ အကြောင်းရှိကြောင်း KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလအတွင်း KIO/KIAမှ တာဝန်ရှိသူများနှင့် တရုတ်အစိုးရ ကိုယ်စားလှယ်အဖွဲ့များအကြား တွေ့ဆုံခဲ့စဉ်...

NUG နှင့် တိုင်းရင်းသားများအကြား တပ်ပေါင်းစု တစ်ရပ် အလျှင်အမြန်အကောင်အထည်ဖော်ရန် အဖွဲ့ပေါင်း ၄၀ ကျော်က စုပေါင်းတောင်းဆို

ရန်ကုန်၊ မတ် ၁၁ အမျိုးသားညီညွတ်ရေးအစိုးရ- NUG နှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအကြား တပ်ပေါင်းစုတစ်ရပ် အလျှင်အမြန် အကောင် အထည်ဖော်ကြရန် အရပ်ဘက်နှင့် စစ်အာဏာရှင်တော်လှန်ရေး အဖွဲ့ပေါင်း ၄၅ ဖွဲ့က မတ်လ ၁၀ ရက်နေ့တွင် ပူးတွဲထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ကာ တိုက်တွန်းတောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံအတွင်းရှိ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေကြသည့်...

မြန်မာနိုင်ငံမှ KIA အပါဝင် တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသော နယ်မြေများမှာ ကမ္ဘာ့အဆင့် ၁ မြေရှားသတ္တုများ ထွက်ရှိရာ ကမ္ဘာ့ဗဟိုချက်ဖြစ်လာသော်လည်း တရုတ်က အပြည့်အ၀ထိန်းချုပ်ထား

ရန်ကုန်၊ မတ် ၈ မြန်မာနိုင်ငံမှ ကချင်လွတ်လပ်ရေးတပ်မတော်-KIA အပါဝင် တော်လှန်ရေးအဖွဲ့များထိန်းချုပ်ထားသော နယ်မြေများမှာ အဆင့် ၁ မြေရှားသတ္တုများ ထွက်ရှိပိုင်ဆိုင်ထားသော်လည်း တရုတ်နိုင်ငံက အပြည့် အ၀ ထိန်းချုပ်ထားကြောင်း အမေရိကန်အခြေစိုက် Rare Earth Exchanges (REEx) က ထုတ်ပြန်သည်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကဲ့သို့သော...

အီရန် စစ်ဆင်ရေး ပြီးရင် ကျူးဘားအလှည့်ဖြစ်လာနိုင်တယ်လို့ အမေရိကန်သမ္မတ ထရမ့် သတိပေး

ရန်ကုန်၊ မတ် ၈ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်မှာ လုပ်ဆောင်နေတဲ့ စစ်ဆင်ရေးတွေ ပြီးသွားတာနဲ့ ကျူးဘားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကိုပါ "ဖြေရှင်း" သွားချင်တယ်လို့ အိမ်ဖြူတော်မှာ ပြောကြားလိုက်ပါတယ်။ သမ္မတ ထရမ့်က "ကျူးဘားမှာ ဖြစ်ပျက်နေတာတွေက အံ့ဩစရာပဲ၊ ကျွန်တော်တို့က ဒီဘက် (အီရန်) ကို အရင်ဆုံး...

Latest news

- Advertisement -spot_img