28 C
Yangon

ပြည်ကြီးတံခွန် (ဆ) စျေးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ခံရပြီး စစ်သား ၂ ဦးသေဆုံး၊ ထားဝယ်၊ဝါးတောဂိတ်ပစ်ခံရမှု စစ်သား ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၇ 

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်(ဆ)စျေးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ မွန်းလွဲပိုင်း လုံခြုံရေးယူထားသော စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး စစ်သား ၃ ဦး ထိမှန်ကာ ၂ ဦးသေဆုံးသွားကြောင်း Rangers Of Mandalay(ROM)နှင့် YNO MDY တပ်က ပူးပေါင်းထုတ် ပြန်သည်။

လမ်း ၁၃၀ ၊ ၅၆ လမ်းရှိ ဆ စျေးရပ်ကွက်ရုံးကို ယနေ့ မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင် ဗုံးပစ်ဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုကြောင့် စစ်သား ၃ ဦးထိခိုက်ဒဏ်ဒဏ်ရာရရှိပြီး ၂ ဦးမှာ သေဆုံးသွားကြောင်း သိရှိရသည်။ 

“ဘန်ကာထဲ တည့်တည့်ကျ။ လောလောဆယ် မုန့်ဟင်းခါး ၂ ပွဲသေချာပါတယ်။ ၃ ပွဲလည်းဖြစ်နိုင်ပါတယ်။ ပြန်ပစ်ပေမယ့် အရှောင်မြန်လို့ တစ်ချက်မှ မထိခဲ့ပါ” ဟု Ranger of Mandalay က သတင်းထုတ်ပြန်သည်။ 

အလားတူ ထားဝယ်မြို့မှ ထိုင်းနိုင်ငံနယ်စပ်ထီးခီးရွာသို့ သွားသည့်လမ်းရှိ ဝါးတောရွာ စစ်ကောင်စီဂိတ်တစ်ခုကို ယမန်နေ့ညပိုင်း ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်သားတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

ဇန်နဝါရီလ ၁၆ ရက်ည ၁၀ နာရီဝန်းကျင် ဝါးတောရွာ စစ်ကောင်စီဂိတ်ကို အမည်မသိလက်နက် ကိုင်အဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ် သား ၁ ဦးသေဆုံးသွားကြောင်း၊   ဝါးတောရွာ ဂိတ်မှာ ခလရ ၂၆၇ တပ်ရင်းမှ စစ်သားများ ကင်းစောင့်လေ့ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article