30 C
Yangon

ကလေးမြို့၊ တာဟန်းရပ်ကွက်တွင် ယမန်နေ့ညက စစ်ကောင်စီတပ်နှင့် မြို့ပေါ်ပြောက်ကျားတပ်ဖွဲ့ကြား ပစ်ခတ်မှုဖြစ်ပြီး စစ်သား ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၇

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်၊ တာဟန်းဈေးအနောက်ဘက်လမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပ.က.ဖ ကလေးမြို့ (မြို့ပေါ်ပြောက်ကျားအဖွဲ့) ကြား ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက် ည ၇ နာရီခန့်တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်သား ၂ ဦး နေရာတွင် သေဆုံးကြောင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရှိရသည်။

ပစ်ခတ်မှုသည် ည ၇ နာရီမှ စတင်ကာ ၈ နာရီ ၄၅ မိနစ်ထိ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ ပစ်ခတ်သော ကျည်များထိမှန်ပြီး ပြည်သူနေအိမ် ၃ လုံး ပျက်စီးခဲ့ကြောင်း ပြည်သူထိခိုက်မှု မရှိကြောင်း သိရှိရသည်။

“တာဟန်းဘက် ရဲစခန်းနဲ့ မူးယစ်ရုံးကို ဝင်ပစ်တယ်လို့ ကြားတာပေါ့၊ ပစ်တာခတ်တာ တော်တော်ကြမ်းတယ်။ စစ်သား ၂ ယောက် သေတယ်လို့ သတင်းကြားတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောသည်။

ယနေ့ နေ့လယ် ၁ နာရီခန့်တွင် ကလေးမြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ Mi35p အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ် ပျံဝဲခဲ့ကြောင်း၊ ကလေးမြို့အနောက်ဘက် တီးတိန်မြို့နယ်အတွင်း ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်နေသည့် သိုင်းငင်းဘက်သို့ တက်သွားကြောင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း ကလေးမြို့တောင်ဘက်တွင်လည်း Kalay PDF၊ CDF KKG ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article