28 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် ယမန်နေ့က စစ်ကောင်စီတပ်နှင့် KNLA ကြား တိုက်ပွဲ ၃ ကြိမ် ဖြစ်ပြီး စစ်သား ၈ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၈

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ၊ မူတြော် (ဖာပွန်) ခရိုင်၊ ဒွယ်လိုးမြို့နယ်နှင့် ထွီသီးအူရွာတွင် ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကြား တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားပြီး စစ်သား ၈ ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

“မနေ့က ၁၁ နာရီ ၅၅ မိနစ်မှာ ဒွယ်လိုး၊ မာထောအုပ်စုမှာ ၂ ကြိမ် တိုက်ပွဲဖြစ်တယ်၊ ပထမ ၁ ကြိမ် စစ်သား ၄ ဦး၊ နောက်တကြိမ်မှာ စစ်သား ၂ ဦး ဒဏ်ရာရတယ်။ ညနေ ၃ နာရီကျော်မှာ ထွီသီးအူရွာဘက်မှာ ၁ ကြိမ် ထပ်ဖြစ်တယ်၊ စစ်သား ၂ ဦး ဒဏ်ရာရတယ်” ဟု KNU တပ်မဟာ ၅ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

KNU တပ်မဟာ ၅ နယ်မြေ၊ ကမမောင်းမြို့နယ်၊ မဲပလိကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ BGF တပ်ရင်း ၁၀၁၄ စခန်းကို KNLA တပ်ရင်း ၁၀၂ က ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် အဆိုပါဒေသတဝိုက်တွင် အင်တာနက်များ ဖုန်းလိုင်းများ ဖြတ်တောက်လိုက်ကြောင်း သိရှိရဿည်။

“မဲပလိစခန်း တိုက်ခံရပြီးတော့ ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေ ပြတ်သွားတယ်၊ အနီးဝိုက်က ဒေသခံတွေရဲ့ ဖုန်းတွေကိုလည်း စစ်ကောင်စီက ယူစစ်တယ်လို့ သိရတယ်၊ KNU က ပူးပေါင်းမယ်ဆို ပူးပေါင်းနိုင်တယ်လို့ ပြောထားတာတောင် ဖမ်းမိတဲ့ကောင်တွေက ကျွန်စိတ် မပျောက်ဘူး အဘတွေအတွက် ” ဟု တပ်မဟာ ၅ သတင်းရင်းမြစ်က ဆက်ပြောသည်။

အဆိုပါ မဲပလိစခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် BGF တပ်ဖွဲ့ဝင် ၁ ဦးကို အရှင်ဖမ်းမိကြောင်း၊ KNLA တပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဓါတ်ပုံ – KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article