32 C
Yangon

မုံရွာ၊ လယ်ဇင်ကျေးရွာမှ လူငယ် ၄ ဦးကို စစ်တပ်က ဦးခေါင်းတေ့၍ ပစ်သတ်သွား၊ ရွာမီးရှို့ခံရပြီး အများအပြား ဖမ်းဆီးခံရ 

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၈ 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ လယ်ဇင်ကျေးရွာကို စစ်တပ်က ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေပိုင်းတွင် ဝင်ရောက်စီးနင်း မီးရှို့ပြီးနောက် လူငယ် ၄ ဦးကို ဦး ခေါင်းတေ့၍ စစ်တပ်က ပစ်သတ်သွားပြီး အများအပြားကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

ယမန်နေ့ ညနေ ၅နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ လယ်ဇင်ကျေးရွာနှင့် အနီးအနားပတ်ဝန်းကျင်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်မှ း အင်အား၂၀၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းကာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် ကျေးရွာနေပြည်သူများနေအိမ်ကို စွန့်ခွာထွက်ပြေးခဲ့ရပြီးနောက်  လူငယ် ၄ဦး ကို  ဦးခေါင်းတေ့၍ သေနတ်ဖြင့် ပစ်သတ် ခဲ့ပြီး  ရွာသားများကိုလည်း ဖမ်းဆီးသွားကြောင်း သိရှိရသည်။ 

” လူငယ် ၄ ဦးကို ခေါင်းချိန်ပြီး ပစ်သတ်သွားတယ်။ ရွာထဲမှာလည်း မီးရှို့သွားတယ်။ နောက်ပြီး အိမ်တွေကို ဖျက်ဆီးပြီး တန်ဖိုးကြီးတာတွေလည်းလုယက်ယူသွားတယ်။ ဖမ်းသွားတာလည်း များတယ်။ ၁၀ ဦးလောက် အဖမ်းခံရတယ်လို့ကြားပါတယ်။ အခု ကျနော်တို့လည်း ပြေးနေတုန်းဆိုတော့ အတိအကျ သိဖို့ခက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article