25 C
Yangon

ကသာမြို့နယ်၊ အင်းရွာတွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲဖြစ်၊ CDM ရပ်ကွက်လူကြီးအိမ်ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့နယ်၊ အင်းရွာကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား ယမန်နေ့ညတွင် တိုက်ပွဲဖြစ်ပွားကြောင်း ယနေ့နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က CDM ရပ်ကွက်လူကြီး ၁ ဦး၏ နေအိမ်ကို မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

ဇန်နဝါရီလ ၁၈ ရက် ည ၈ နာရီခန့်တွင် အင်းရွာကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ် ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်ဒဏ်ရာရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ကြောင်း ကသာ တော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယနေ့ ဇန်နဝါရီလ ၁၉ ရက် နံနက် ၄ နာရီခန့်တွင် အင်းရွာကျေးရွာ၊ မြို့မရပ်ရှိ CDM အုပ်ချုပ်ရေးမှူး ၁ ဦး၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ကာ ပရိဘောဂများ၊ တန်ဖိုးကြီးပစ္စည်းများကို ဖျက်ဆီးပြီး နေအိမ်ကို မီးရှို့သွားကြောင်း ဒေသခံ ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောသည်။

ယခု ရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ကချင်ပြည်နယ် အစပ်ရှိ ကသာ၊ အင်းတော်၊ ရွှေကူမြို့နယ်များအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် KIA ပူးပေါင်းတပ်ဖွဲ့များကြား နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းမှတဆင့် ကျေးရွာများအတွင်းသို့ ဗုံးကျဲပစ်ခတ်တိုက်ခိုက်လျှက်ရှိနေသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article