25 C
Yangon

MNDAA နှင့်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၅ ဦးသေဆုံးပြီး ကျည်နှင့်လက်နက်များ သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၉ 

ရှမ်းပြည်နယ်၊ မြောက်ပိုင်းတွင် စစ်ကောင်စီနှင့်MNDAA တို့အကြား ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၁၅ ဦးသေဆုံးပြီး ကျည်နှင့်လက် နက်များ သိမ်းဆည်းမိကြောင်း ကိုးကန့်သတင်းရင်းမြစ်များထံမှ သိရှိရသည်။ 

ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ၊ ဇန်ဝါရီလ ၁၁ ရက်နေ့တွင် ၅ ဦး သေဆုံးခဲ့‌ပြီး ဇန်နဝါရီလ ၁၅ ရက်နေ့ တိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများရှိကြောင်း သိရှိရသည်။ 

ဇန်နဝါရီလ ၁၈ ရက်နေ့တွင် စစ်ကောင်စီတပ်များ ထွက်ပြေးသွားပြီး ယင်းနေရာများကို နယ်မြေရှင်းလင်းရာ ၅ ဒသမ ၅၆ ကျည်  ၇၉၀ တောင့်၊ ကျည်ဘောက် (၄)ခု၊ လက်ပစ်ဗုံး(၅)လုံး၊ စကား ပြောစက်(၂)လုံး၊၊ဒီတိုနေတာ(၁)ခု၊ကျောပိုးအိတ်(၁)လုံး၊ခြင်းကြား(၁)လုံး သိမ်းဆည်းရမိကြောင်း ကိုးကန့်သတင်းရင်းမြစ်များက သတင်းဖော်ပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article