25 C
Yangon

တီးတိန်မြို့နယ်၊ ကနေဒီတောင်စခန်းသို့ လေထီးဖြင့် ဆင်းသည့် စစ်ကောင်စီတပ်သား ၁၂ ဦးအနက် ၁ ဦး လေထီးမပွင့်ဘဲ ချောက်ထဲကျ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကနေဒီတောင်ရှိ စစ်ကောင်စီတပ်စခန်းသို့ လေထီးဖြင့် ဆင်းသက်သည့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၂ ဦး အနက်မှ ၁ ဦးသည် လေထီးမပွင့်ဘဲ ချောက်ထဲကျသွားကြောင်း သတင်းရရှိသည်။

ကနေဒီတောင် တပ်ကင်းစခန်းကို ယနေ့ ဇန်နဝါရီလ ၁၉ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် စစ်ရဟတ်ယာဉ်မှတဆင့် လေထီးဖြင့် ဆင်းသက်ရာ စစ်သား ၁ ဦးမှာ လေထီးမပွင့်ဘဲ ချောက်ထဲကျသွားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ‌PDF Zoland ထံမှ သိရှိရသည်။

“ဟုတ်တယ်၊ အဲဒီသတင်းက ကွန်ဖမ်းတယ်၊ ရဟတ်ယာဉ်ပေါ်ကနေ လေထီးနဲ့ ဆင်းတာ ၁ ယောက် လေထီးမပွင့်ဘူး ဖြစ်တယ်၊ ပြီးတော့ အဲဒီနေရာမှာ လေလည်း အရမ်းကြမ်းနေတယ်” ဟု PDF Zoland တပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။

အဆိုပါ ကနေဒီတောင်ရှိစခန်းသည် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ ဝိုင်းထားခြင်းကို ခံနေရသည်မှာ ၃ လခန့်ရှိပြီဖြစ်ကြောင်း၊ တပ်စခန်းရှိ တပ်သားများအတွက် စားနပ်ရိက္ခာနှင့် သောက်ရေအခက်အခဲများဖြစ်နေကြောင်း၊ ယနေ့ လေထီးဖြင့် လာရောက်မှုမှာ ရိက္ခာရော၊ အင်အားပါ လာရောက်ဖြည့်တင်းသည် ဖြစ်နိုင်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ ဒေသသတင်းရင်းမြစ် Zalen သို့ပြောသည်။

အဆိုပါ ကနေဒီတောင်သည် ကလေး-တီးတိန် ဆက်သွယ်ထားသည့် ကားလမ်းပေါ်တွင် တည်ရှိပြီး အမြင့်ပေ ၈၈၆၈ ပေ ရှိကာ တီးတိန်မြို့နှင့် အနီးတဝိုက်ဒေသများသို့ အပေါ်စီးမှ လှမ်းမြင်ရသည့် တောင်တစ်ခုဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ – အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လေထီးခုန် လေ့ကျင့်ရေးတစ်ခု

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article