25 C
Yangon

ဖလမ်းတွင် CNDF နှင့် တိုက်ပွဲ ၃ ကြိမ်တွင် စစ်ကောင်စီဘက်မှ ၈ ဦးထက်မနည်း သေဆုံး၊ ကသာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကို အနီးပစ်သတ်တိုက်ခိုက်ဟုဆို

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်နှင့် ယနေ့ ဇန်နဝါရီလ ၁၉ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CNDF ကြား တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၈ ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရရှိသူများလည်း ရှိကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၈ ရက် နံနက် ၈ နာရီခွဲခန့်၌ ဖလမ်းမြို့နယ် လာသီးရွာနှင့် ကုလ်ဇာမ်ရွာတောင်ကြောတွင် စစ်ကောင်စီတပ်နှင့် CNDF ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးကာ CNDF ဘက်မှ ၁ ဦး ဒဏ်ရာရကြောင်း၊ ညနေ ၅ နာရီခွဲတွင် CNDF က ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးကြောင်း၊ ယနေ့နံနက် ၉ နာရီခန့်တွင် CNDF ထောင်ထားသော မိုင်းနင်းမိပြီး စစ်ကောင်စီဘက်မှ သေပျောက်ဒဏ်ရာရသူများရှိကြောင်း ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရသည်။

ဒေသခံပြည်သူများအနေဖြင့် ဖလမ်း-ကလေးဆက်သွယ်ထားသည့် ကားလမ်းတလျှောက်တွင် ခရီးသွားလာခြင်း မပြုကြရန် CNDF က အသိပေးထုတ်ပြန်ထားသည်။

အလားတူ ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်း အင်အား နှစ်ဖွဲ့ခွဲ၍ လာသည့်  စစ်ကောင်စီတပ်များအနက်မှ အဖွဲ့တစ်ဖွဲ့၏ နောက်ချန် စစ်သား ၁၆ ယောက်ကို ထီးချိုင့် PDFအဖွဲ့များက အနီးကပ်ပစ်ခတ်ရာ ၃ ဦး ထွက်ပြေးသွားပြီး ကျန် ၁၃ ဦးမှာ အခင်းဖြစ်ပွားရာနေရာတွင် မလှုပ်နိုင်တော့ကြောင်း၊ စစ်သား  ၁၀ ဦးခန့်သေဆုံးနိုင်ကြောင်း Eagles Army HPDF အဖွဲ့က ယနေ့ညနေပိုင်းတွင် သတင်းထုတ်ပြန်သည်။ 

ဓာတ်ပုံ- စစ်ရေးပြနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article