25 C
Yangon

KIA တပ်မဟာ ၃ ဗန်းမော်ခရိုင်တွင် စစ်ကောင်စီနှင့် KIA ကြား တိုက်ပွဲဖြစ်၊ တပ်မဟာ ၈ နှင့် ၉ တွင်လည်း  စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်၊ လက်နက်ကြီးများပစ်ခတ်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၃ လှုပ်ရှားနယ်မြေ ဗန်းမော်ခရိုင်တွင် ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်တွင် အကြမ်းဖက်စစ်ကောင်စီနှင့် KIA တပ်ရင်း ၂၇ ကြား တိုက်ပွဲဖြစ်ပွားကြောင်း၊ တပ်မဟာ ၈ အင်းတော်ကြီးဒေသသို့ စစ်ကောင်စီမှ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်သလို၊ တပ်မဟာ ၉ ဖားကန့်ဒေသတွင်လည်း စစ်ကောင်စီက လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။။

ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက် နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် အင်အား ၁၀၀ ခန့်ပါဝင်သော စစ်ကောင်စီ၏ ခလရ ၂၂၃ တပ်ဖွဲ့နှင့် KIA တပ်ရင်း ၂၇ ကြား Gawkngu Yang ကျေးရွာနှင့် Banggaw ကျေးရွာကြား မိနစ် ၄၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး နှစ်ဖက်ကျဆုံးထိခိုက်မှုကို ကနဦး မသိရှိရသေးပေ။

အကြမ်းဖက်စစ်ကောင်စီတပ်သည် KIA တပ်မဟာ ၈ နယ်မြေ မိုးတားကြီးကျေးရွာကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ KIA တပ်မဟာ ၉ တပ်ရင်း ၄၄ ထိန်းချုပ်နယ်မြေ Marau Bum ဒေသတွင်လည်း ယမန်နေ့ ည ၈ နာရီခွဲခန့်တွင် စစ်ကောင်စီ၏ ခမရ ၃၈၃၊ ၃၈၄ တပ်ရင်းများက ၈၀ မမ အမြှောက်များဖြင့် ၁၅ ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဓါတ်ပုံ – ကချင်လွတ်လပ်ရေးတပ်မတော် တပ်ဖွဲ့ဝင်များ

Photo – Reuters

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article