25 C
Yangon

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သင်တောကျေးရွာသို့ ဝင်ရောက်ကာ သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်၊ ရွာသား ၂ ဦး ကျည်ထိမှန် ဒဏ်ရာရကာ နွားတစ်ကောင် ကျည်ထိမှန် သေဆုံး၊ ပြည်သူများ၏ ပစ္စည်းများကို ခိုးယူသွား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ကန့်ဘလူမြို့နယ် သင်တောကျေးရွာသို့ အကြမ်းဖက် စစ်ကောင်စီများ ဇန်နဝါရီ ၁၈ ရက်နေ့ နံနက် ၆ နာရီ ၄၀ မိနစ်ဝန်းကျင်လောက်တွင် ဝင်ရောက်လာပြီး ကျေးရွာအတွင်း ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ နှစ်ဦး ဘေးဘက် ၊ ကျောဘက်နှင့် လက်တွင် ကျည်ထိမှန်ကာ စားကျက်တွင် ရှိနေသည့် နွားတစ်ကောင်လည်း ကျည်ထိမှန် သေဆုံးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

“အင်အား ၄၀ လောက်ရှိတယ်။ လူ ၈၀ ကျော် ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းဝင်းကို လာပြီး စစ်မေးတာတွေ လုပ်တယ်။ နေအိမ်ခြံတံခါးတွေ ဖျက်ဆီး၊ TV မှန်တွေ ရိုက်ခွဲတာတွေ၊ ရေခဲသေတ္တာတွေ၊ နေအိမ်တိုင်တွေ၊ သံသေတ္တာတွေလည်း ရမ်းသမ်းပစ်သွားတယ်” ဟုဒေသခံတစ်ဦးက ပြောကြားသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘုန်းကြီးကျောင်းရှေ့ လမ်းဘေးရပ်ထားသော Cyclone ဆိုင်ကယ်ကို မီးရှို့ပြီး  ရွာနတ်စင်နားရပ်ထားသော Canda ဆိုင်ကယ် စုစုပေါင်းနှစ်စီးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့သည်။

“”ရွှေလက်ကောက်တစ်ရံရယ် ပိုက်ဆံတွေရယ်၊ ဖိနပ် ၊ အဝတ်အစားတွေက အစ အကုန်ယူသွားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ 

 ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ ၁၂နာရီ ၃၀ မိနစ်တွင် ပြန်လည် ထွက်ခွာသွားသည်ဟု ဒေသခံများက ပြောဆိုသည်။

ကန့်ဘလူမြို့နယ် သင်တောကျေးရွာသို့ ဝင်ရောက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကန့်ဘလူမြို့နယ် ချပ်သင်းစံပြကျေးရွာ ရဲစခန်းတွင် အထိုင်ချနေသည့် အဖွဲ့ဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article