25 C
Yangon

သထုံတွင် ဂတ်စ်ပိုက်လိုင်းပေါက်ကွဲမှုဖြစ်၊ ဖောက်ခွဲတိုက်ခိုက်မှုဟု ဒေသခံများပြော(ရုပ်/သံ)

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၀

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၂ နာရီအချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားပြီး ဖောက်ခွဲတိုက်ခိုက်မှုဟု သိရှိရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“သထုံမြို့နယ် မနက် ၂နာရီဝန်းကျင်ခန့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ ပေါက် ကွဲမှုအပြီး ဂတ်စ်ပိုက်လိုင်းပေါက်တာဖြစ်ပါတယ်လို့ အနီးဒေသခံများကအ တည် ပြုပေးပါတယ်။

မြေနီကုန်းကျေးရွာဘက် ကနေကြည့်ရင် ရှင်းရှင်း လင်းလင်းမြင်နိုင်ပါတယ်။ ထိုင်းဘက်ကို သွယ်တန်းထားတဲ့ ဂတ်စ်ပိုက်လိုင်းလို့ ပြောပါတယ်” ဟု‌ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါဂတ်စ်ပိုက်လိုင်းကို မည်သည့်အဖွဲ့က ဖောက်ခွဲခဲ့သည်ကို မသိရှိရသေးဘဲ မည်သည့်အဖွဲ့အစည်းကမှ ၎င်းတို့လက်ချက်ဟု ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article