ရန်ကုန်၊ ဇန်နဝါရီ ၂၁
မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် “စကစ ဖြန့်ဝေသော မဲမသမာမှုဟုဆိုသော စာအုပ်များအား ရဟန်းသံဃာများအနေနဲ့ ရှုတ်ချကြရန် တိုက်တွန်းပါတယ်ဘုရား-သံဃသမဂ္ဂ” စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။