25.3 C
Yangon

ကနီမြို့နယ်မှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်အရာရှိများ အပါအဝင် စစ်သား ၂၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၁၃

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ လာပို့ကျေးရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ချေ မှုန်းခဲ့ရာ ဗိုလ်၊ ဗိုလ်ကြီး၊ အပါအဝင် စစ်သား ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်း ဆည်းရရှိခဲ့ကြောင်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ဇွန်လ ၂၁ ရက်နေ့ ကနီမြို့နယ် ၊ လာပို့ကျေးရွာမှ ကလေးဝဘက်သို့ ထွက်လာသော မိုင်းဆက် ဗျူဟာမှူးကွပ်ကဲသည့် ခမရ-၅၅၄ မှ ဒုတပ်ရင်းမှူး အောင်ကိုကို ဦးစီးသော စစ်သား၊ စစ် မှုထမ်းတပ်သားပါ အင်အား ၃၀၀ ခန့်ရှိ စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ၉ ကြိမ် တိတိ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦး၊ ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၂၀ ဦး ကျော်သေဆုံး ပြီး အပြင်းအထန် ဒဏ်ရာရရှိသူ ၁၅ ဦးရှိကြောင်း သိရသည်။

“အဲဒီစစ်ကြောင်းက ကလေးဝကို ဝင်တဲ့စစ်ကြောင်းပါ၊ အဲဒီကနေ ကားနဲ့ ဒကစကလေးကို ဝင်တယ်။ ကနီ – ကလေးဝလမ်းအတိုင်း ကလေးမြို့ကို သွားတာပါ။ စစ်ကြောင်းထိုးတာက ကနီနဲ့ကလေးဝ ကြားမှာ ထိုးတာ၊ ကလေးဝမှာ ကြိုဆိုပွဲ ဘာညာလုပ်ပြီးမှ ကလေးမြို့ကို လာတာပါ” ဟု တော်လှန် ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ထို့အပြင် စစ်ကောင်စီတပ်စစ်ကြောင်းထံမှ MA3 အမျိုးအစား သေနတ် ၁ လက်၊ 60 mm ဗုံးသီး ၃ လုံး ၊ 40 mm ဗုံးသီး ၄ လုံး ၊ RPG7 ဗုံးသီး ၁ လုံး ၊ အီနာကာ ဗုံးသီး ၁ လုံး ၊ ကျည်ကာဦးထုပ် ၂ လုံး ၊ ယူနီဖောင်း ၂၆ စုံ ၊ SPS 110 Portable Jammer Gun ၁ လက် ၊ မိုင်းရှင်းစက် ၁ လုံး ၊ MA2 ကျည် ဘောက် ၁ ဘောက် ၊ ဖောကာ ၁ စီး ၊ ၁၄ မိုင်း နင်းမိုင်း ၁၀ လုံး၊ ရွှေလက်ကောက် ၁ ကွင်း ၊ကား တစ်စီး၊ နွား ၉ ကောင် ၊ လှည်း ၃ စီး ၊ မီးစက် ၁ လုံး၊ Solar (250) W ၂ ချပ် ၊ Laptap ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို ကလေးခရိုင်အမှတ် ၇ တပ်ရင်း၊ အမှတ် ၈ တပ်ရင်း၊ အမှတ် ၉ တပ်ရင်း၊ အမှတ် ၁၀ တပ်ရင်း၊ အမှတ် ၁၁ တပ်ရင်း ၊ မင်းကင်းမြို့နယ် ပကဖ ၊ ကလေးခရိုင် ဒရုန်းတပ်ဖွဲ့ နှင့် မင်း ကင်းမြို့နယ် ပူးပေါင်း တပ်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article