ရန်ကုန်၊ ဇူလိုင် ၁၃
ရန်ကုန်တိုင်းမှအပ ကျန်တိုင်းနှင့်ပြည်နယ် ၁၃ ခုတွင် စစ်တပ်က လေကြောင်းဖြင့် အကြိမ် ၅၂၀ တိုက်ခိုက်ခဲ့ရာ ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် ပြည်သူ ၃၁၄ ဦး သေဆုံးခဲ့ကြောင်း မြန်မာအင်တာနက်ပရောဂျက် – MIP အစီခံစာအရ သိရသည်။
၂၀၂၆ ခုနှစ် ဧပြီလမှ ဇွန်လကုန်အထိ ၃ လအတွင်း ရန်ကုန်တိုင်းမှအပ ကျန်တိုင်းနှင့် ပြည်နယ် ၁၃ ခုရှိ မြို့နယ်ပေါင်း ၈၇ မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်း တိုက်ခိုက်မှုများ ကြုံတွေ့ ခဲ့ရပြီး စုစုပေါင်း အကြိမ်ရေ ၅၂၀ ရှိကြောင်း၊ ထိုသို့ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ် သား ၃၁၄ ဦး အနည်းဆုံးသေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူများထဲတွင် ကလေးငယ် ၄၁ ဦး၊ အမျိုးသမီး အနည်းဆုံး ၅၈ ဦးနှင့် သက်ကြီးရွယ်အို ၁၅ ဦး ပါဝင်ပြီး သေဆုံးမှုအားလုံး၏ ၉၅.၅ ရာခိုင် နှုန်းခန့်သည် အင်တာနက်ဖြတ်တောက်ခံထားရသော ဒေ သများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအချက်အလက်များကို ကြည့်ခြင်းအားဖြင့် ဆက်သွယ်ရေးအခက်အခဲနှင့် ရင်ဆိုင်နေရသော ဒေသများတွင် နေထိုင်သည့်အရပ်သားများသည် လေ ကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက် ဒဏ် ရာရရှိမှုနှင့် သေဆုံးမှုအန္တရာယ်အရှိဆုံးအခြေအနေတွင် ရှိနေသည်ကို ပေါ်လွင်နေကြောင်း မြန်မာ အင်တာနက်ပရောဂျက် – MIP က ထောက်ပြထားသည်။
ချင်းပြည်နယ်သည် လေကြောင်းတိုက်ခိုက်မှု ၁၂၂ ကြိမ် ဖြင့် အဆိုးရွားဆုံးထိခိုက်ခံစားခဲ့ရသည့် ဒေသဖြစ်ပြီး ယင်းနောက် စစ်ကိုင်းတိုင်းသည် ၁၀၁ ကြိမ် နှင့် ရခိုင်ပြည်နယ် သည် ၉၈ ကြိမ် တို့ဖြင့် ဆိုးရွားသောအခြေအနေတွင်ရှိကြောင်း အသိပေးထားသည်။
လေကြောင်းတိုက်ခိုက်မှု စုစုပေါင်းဖြစ်စဉ်အားလုံး၏ ၆၂ ရာခိုင်နှုန်းခန့်သည် စစ်အုပ်စုနှင့်စစ်ရေး ပဋိ ပက္ခပြင်းထန်နေသော အဆိုပါဒေသ ၃ ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဒေသများသည် စစ်အုပ်စုက နယ်မြေပြန်လည်စိုးမိုးနိုင်ရေး ထိုးစစ်ဆင်နေသည့် ဒေသများဖြစ်သည်ကို တွေ့ရကြောင်း၊ စစ် ကြောင်း ထိုးရာတွင် ဝေဟင် အင်အား အလွန်အကျွံအသုံးပြုလာခြင်းဖြစ်ကြောင်း ထောက်ပြထား သည်။
လေကြောင်းတိုက်ခိုက်ခံရသည့် မြို့နယ်များအနက် ၅၁၀ ကြိမ် (၉၈.၀၈ ရာခိုင်နှုန်း) သည် အင်တာ နက်ဖြတ်တောက်မှု ဒဏ်ခံနေရသော ဒေသများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းသည် မြို့ နယ်ပေါင်း ၂၀ ခုဖြင့် လေကြောင်းတိုက်ခိုက်ခံရသော ထိခိုက်မှုအများဆုံးဖြစ်ကြောင်း၊ ယင်းနောက် တွင် ရခိုင်ပြည်နယ် ၁၂ မြို့နယ် နှင့် မကွေးတိုင်းတွင် ၉ မြို့နယ် တို့ဖြင့်ထိခိုက်မှု အခြေအနေအများ ဆုံးရှိသည်ကို တွေ့ရကြောင်း ထုတ်ပြန်ထားသည်။




