33 C
Yangon

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီ ဝင်ရောက်ဖျက်ဆီး မီးတင်ရှို့ခြင်း ပြုလုပ်၊ ပြည်သူ ၁၀ ဦးထက်မနည်းကို လူသားဒိုင်းအဖြစ် ဖမ်းဆီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၁

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ထူးကြီးရွာတွင် အကြမ်းဖက် စစ်ကောင်စီ ဇန်နဝါရီ ၁၉ ရက်နေ့ မနက်ပိုင်းတွင် ဝင်ရောက်ကာ ပြည်သူများ၏ နေအိမ်ရှိ ပစ္စည်းများ မွှေနှောက်ရှာဖွေ ဖျက်ဆီးသွားကြောင်း ဒေသခံများ ပြောကြားသည်။

”ဆိုင်တွေကိုလည်း ‌ဖျက်ဆီးပြီး ပစ္စည်းတွေ ယူသွားပါတယ်။ အိမ်ကိုလည မွှေနှောက်ဖျက်ဆီးးသွားပါတယ်။ စုဘူးတွေလည်း ဖောက်ယူသွားတယ်”ဟု ဒေခံတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သည် ထူးကြီးရွာမှ ဇန်နဝါရီ ၁၉ ရက်နေ့ ညနေပိုင်းတွင် ပြန်လည် ထွက်ခွာသွားပြီး ကျေးရွာနေပြည်သူများမှာ ၎င်းတို့ ထပ်မံ ဝင်ရောက်မည် စိုးရိမ်သည့်အတွက် နေရပ်မပြန်နိုင်သေးကြောင်း ဒေသခံများက ပြောဆိုသည်။

ထို့အတူ အကြမ်းဖက် စစ်ကောင်စီတပ်သည် ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း မုံရွာတောင်နယ် မအူရွာ၊ အောင်သာရွာ၊ မြေနဲရွာ၊ မင်းရွာများရှိစိုက်ကွင်းများသို့ ဖက်စစ်တပ်မှ ဝင်ရောက်တောနင်းကာ ပြည်သူများ၏ နေအိမ်များကို ဖျက်ဆီးခြင်း ၊ မီးတင်ရှို့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ 

လမ်းတစ်လျှောက်ရှိ လူနေအိမ်များ၊ တောင်ယာတဲများ၊ ကွမ်းခြံများ၊ မီးစက်၊ဆိုင်ကယ်များ၊ တောင်ယာသုံးပစ္စည်းများ၊ လူ့အသုံးအဆောင်ပစ္စည်းများကို မီးတင်ရှို့ခြင်းများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။  

”တောင်ယာလုပ်ကိုင်နေတဲ့ ပြည်သူ ၁၀ ယောက်ကျော်လောက် မတရားဖမ်းဆီးခံရတယ်။ အခု ဖမ်းထားတဲ့ လူတွေကို လူသားဒိုင်း လုပ်ပြီး သူတို့ကြားညှပ်ပြီး ခေါ်တယ်”ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article