ရန်ကုန်၊ ဇန်နဝါရီ ၂၁
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကရင်ကြီး-ကမ်းပနီရွာမှာရှိတဲ့ ပျူစောထီးစခန်းကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။
ဇန်နဝါရီလ ၂၀ ရက် ည ၁၁ နာရီခွဲမှာ Launglone People Defence Forces နဲ့ DDT တပ်ခွဲဲတို့ပူးပေါင်း ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။
ဝင်ရောက်စီးနင်းချိန်မှာ နှစ်ဖက် ပြန်လှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပေမယ့် PDF တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးဆိုပါတယ်။
ပျူစောထီးစခန်းကနေ လက်လုပ်သေနတ် ၆ လက်၊ M-16 ကျည် ၁၀၀ ဝန်းကျင်၊ ကီးပက် ဖုန်း ၃ လုံး ၊ ဆိုင်ကယ် ၅ စီး၊ ဓါးမကြီး ၅ လက် တို့ကို သိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဖုန်းနဲ့ဆိုင်ကယ်တွေကို ပြည်သူ့အစိုးရတက်တဲ့အခါ အစိုးရကိုအပ်နှံသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – LPDF