25 C
Yangon

အကြမ်းဖက်စစ်ကောင်စီ၏ တပ်ကြပ် ၁ ဦး ဖရူဆို PDF ထံ လက်နက်နှင့် အလင်းဝင်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၂

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်ရင်း ၁ ခုမှ အသက် ၄၉ နှစ်အရွယ် တပ်ကြပ် ၁ ဦးသည် ယနေ့ ဇန်နဝါရီလ ၂၂ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဖရူဆို ထံ သေနတ် ၁ လက်၊ ကျည်ဆံ ၁၀၁ တောင့်၊ ကျည်အိမ် ၄ ခု၊ လက်ပစ်ဗုံး ၃ လုံးဖြင့် CDM ပြုလုပ်ကာ အလင်းဝင်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တပ်ကြပ်ကြီးက “စစ်ကောင်စီတပ်က မိုဆိုကျေးရွာအနီး စစ်ရှောင်ပြည်သူများကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်သည့်ကိစ္စ၊ ရီခီးဘူးစစ်ရှောင်များကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်သည့် ကိစ္စများကို သိရှိပြီး စိတ်နာရကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ စစ်ကောင်စီ တပ်တွေကို ခုခံတော်လှန်ပြီး အာဏာရှင်ပြုတ်ကျရေးမှာ ဆက်လက်ပါဝင်သွားမည်” ဟု ပြောကြားကြောင်း ဖရူဆို PDF က ထုတ်ပြန်သည်။

အဆိုပါ တပ်ကြပ်ကြီးကို ဆုကြေးငွေချီးမြှင့်ကာ လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖရူဆို PDF က သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article