25 C
Yangon

မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး စစ်ကား ၂ စီး ရပ်တန့်၊ ကားပေါ်မှ ဆင်းလာသော စစ်သားများ ထပ်မံမိုင်းဆွဲခံရပြီး အများအပြား သေဆုံးဒဏ်ရာရ 

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၂

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ တောင်ဘက်သို့ ဇန်နဝါရီလ ၂၀ ရက် ညနေ ၆ နာရီခန့်၌ ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ချောင်းဦး PDF နှင့် မုံရွာ IGF တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၂ စီး လုံး ရပ်တန့်သွားကာ၊ စစ်ကားပေါ်မှ ဆင်းလာသော စစ်သားများက ဘေးပတ်ဝန်းကျင်သို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်နေစဉ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ပြီး အများအပြား သေဆုံး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

ဒုတိယအကြိမ် ပဒေသာမိုင်းဆွဲတိုက်ခိုက်မှုကြောင့် ပစ်ခတ်သံများ ငြိမ်သက်သွားကြောင်း၊ မုံရွာဘက်မှ အိမ်စီးကား ၁၀ စီးဖြင့် သေဆုံးဒဏ်ရာရသူများအား လာရောက်တင်ဆောင်ကြောင်း၊ ကားလမ်းမပေါ်ရှိ အသားစများကို ဆေးကြောနေသည်မှာ ည ၁၂ နာရီထိ ကြာခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်သည်။

ယင်းနောက် အရပ်သားကားများကို လူသားတံတိုင်းအဖြစ်အသုံးပြုကာ ပျက်စီးသွားသော စစ်ကား ၂ စီးကို ကြိုးဖြင့်ဆွဲသွားကြောင်း၊ စစ်ကောင်စီ၏ ရမ်းသန်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦး သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရှိရသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အနီးတွင် သွားလာနေထိုင်ခြင်း လုံးဝ မပြုလုပ်ရန်နှင့် စစ်ကားများနှင့် အနီးကပ်မောင်းနှင်ခြင်းမပြုရန် ချောင်းဦး PDF နှင့် Immortal Gurrilla Force IGF-Monywa က အသိပေးထုတ်ပြန်ထားသည်။

ဓါတ်ပုံ – အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်သည်)

Photo – Reuters

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article