28 C
Yangon

ရန်ကုန် မြို့နယ် ၇ခုတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ပစ်မှတ်ထား တိုက်ခိုက်ခံရကာ စစ်သား ၂ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ၊ သန်လျင်တွင်လည်း ကညနရုံး ဗုံးခွဲ တိုက်ခိုက်ခံရ 

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၂     

ရန်ကုန်တိုင်းအတွင်းရှိ တောင်ဥက္ကလာ၊ အင်းစိန်၊ တိုက်ကြီး၊ မင်္ဂလာဒုံ၊ တောင်ဒဂုံ၊ တာမွေနှင့် လှိုင်သာယာတို့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ရန်ကုန်တိုင်းစစ်ဒေသ ခွဲကွပ်ကဲရေးအဖွဲ့က ဇန်နဝါရီလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အတွင်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ထံမှ သိရသည်။ 

တောင်ဥက္ကလာ

=========

တောင်ဥက္ကလာပမြို့နယ်၊ ၄ ရပ်ကွက်ရှိ EPC ရုံးအနီး ကင်းပုန်းဝပ်နေသည့် အကြမ်း ဖက်စစ်ကောင်စီတပ်သားများကို ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၇ နာရီ အချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်သည့် The Boys နှင့် DRF တပ်ဖွဲ့ဝင် များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်းကြောင်း သိရသည်။

အင်းစိန်

=====  

အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးပေါ်ရှိ အင်းစိန်ထောင် ဝန်းအတွင်း မတရား ဖမ်းဆီး ထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသားများအပေါ် နှိပ်စက်ညှဉ်းပန်းနေသည့် စစ်ကောင်စီ လက်ပါးစေ အင်းစိန်ထောင်ဝန်ထမ်းများကို ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၈ နာရီခန့်တွင် ဒေသခံ ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့ဝင်များက အဝေးထိန်းမိုင်းဖြင့် ပထမအကြိမ် သတိပေး ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

တိုက်ကြီး

====== 

တိုက်ကြီးမြို့နယ်၊ ထွေ/အုပ်ရုံး အနောက်ဘက်ခြမ်းတွင် ကင်းပုန်းဝပ်နေရာယူထားသည့် 

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဇန်နဝါရီလ ၂၁ ရက်နေ့၊ နံနက် ၆ နာရီခန့်တွင် နယ်မြေခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အဝေး ထိန်းမိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံ

=====

မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ် မိန်းဂိတ်ပေါက်တွင် ကင်းစောင့်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများအား ဇန်နဝါရီလ ၂၁ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည့် DRF တပ်ဖွဲ့ဝင်များက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ 

တောင်ဒဂုံ

====== 

တောင်ဒဂုံမြို့နယ်၊ ၇၁ ရပ်ကွက်၊ နဝဒေးလမ်းမပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ် များ အခြေချတပ်စွဲထားသည့် နေရာကို ဇန်နဝါရီလ ၂၁ ရက်နေ့ ည ၈ နာရီဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည့် F2Y တပ်ဖွဲ့ဝင်များက အဝေးထိန်းမိုင်းဖြင့် ၃ ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရန်သူတပ်သားအချို့  ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းကြောင်း သိရသည်။ 

တာမွေ

=====

တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းမပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်များ အခြေပြုလှုပ်ရှားနေသည့် ယာဉ်ထိန်းရဲကင်းကို ဇန်နဝါရီလ ၂၂ ရက်နေ့၊ နံနက်  ၆ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် People Network တပ်ဖွဲ့ဝင်များက အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်တပ် အသုံးပြုနေသည့် CCTV Control Box ပျက်စီးကာ စစ်သား တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းကြောင်း သိရသည်။

လှိုင်သာယာ

=======

လှိုင်သာယာမြို့နယ်၊ ၂၀ ရပ်ကွက်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်များ စခန်းချရာ အဆောက်အအုံကို ဇန်နဝါရီလ ၂၂ ရက်နေ့၊ နံနက် ၁၀ နာရီခန့်တွင် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အဝေးထိန်းမိုင်း ၂ လုံးဖြင့် အဆင့်ဆင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

သန်လျင်

=====

သန်လျင်မြို့နယ် ရကျောင်းလမ်းဆုံရှိ ကညနရုံးအား သန်လျင်ဗိုလ်နဂါးအဖွဲ့နှင့် Thongwa Youth Force – T.YF အဖွဲ့တို့က ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၉နာရီ၁၀မိနစ်ခန့်တွင် သန်လျင်မြို့ရေကျောင်းလမ်းဆုံ ကညန ရုံးအနီးတွင် ဗုံး၂လုံးဖောက်ခွဲခဲ့ပြီးနောက် စစ်ဆေးရန် ရောက်လာသည့် စစ်ကား ၁စီးကို အဝေးထိန်းဖြင့် ထပ်မံဖောက်ခွဲရာ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ အများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။

Photo – Reuters

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article