27 C
Yangon

စစ်တပ်ပိုင် မြ၀တီသတင်းစာနဲ့ မီဒီယာတွေက လူမျိုးတုန်းသတ်ဖြတ်ရေး လှုံ့ ဆော်နေပြီ

Must read

By လူကောင်း

လူသားအဖြစ်မှ လျော့ကျသွားစေခြင်းကို Dehumanization ဟုခေါ်ပါသည်။ ဖက်ဆစ်အာဏာ ရှင်စနစ်အောက်တွင် မိမိနှင့်ဆန့်ကျင်ဘက်များအား လူသားအဖြစ်မှ လျော့ကျသွားအောင် ရည်ညွှန်းပြောဆိုလေ့ ( Dehumanization ) ရှိသောဓလေ့ကို အာ ဏာ သိမ်းပြီးသည့်နောက်ပိုင်းတွင် ဖက်ဆစ်စစ်အာဏာပိုင်များက ပို၍ တွင်ကျယ်စွာ အသုံးပြုလာကြသည်။ 

ဇန်နဝါရီလ ၂၀ ရက်နေ့တွင် စစ်တပ်၏ မြဝတီသတင်းစာက အယ်ဒီတာအာ ဘော်တွင် “လူဟူ၍ပင် မသတ်မှတ်သင့်သူများ” ဟုတော်လှန်ရေး အင်အားစု များကို ခေါ်ဆို ထားသည်။ 

ထို့ပြင် မဟုတ်မမှန်သော စွပ်စွဲချက်များစွာထဲတွင်  “NLD ပါတီသည် ငါးနှစ်တာကာလ အုပ်ချုပ်ခွင့်ရနေချိန်တွင် ဗုဒ္ဓဘာသာသာသနာကို ညှိုးမှိန်အောင် လုပ်ဆောင်ခဲ့သည်။ ဘာသာကြီး တစ်ခုတည်း က  ကြီးစိုးမှုကိုမလိုလားဟူသော အသံတို့ဖြင့် ဗုဒ္ဓဘာသာကို အခြားသော ဘာသာနှင့် တန်းညှိခဲ့သည်။ ဗုဒ္ဓဘာသာကို ညှိုးနွမ်းစေရန်၊ နိမ့်ကျ သည့် အဖြစ်သို့ ရောက်စေရန်၊ အထင် အမြင်လွဲမှားစေရန် လုပ်ဆောင်ခဲ့သည်မှာ ထင်ရှား သောလုပ်ရပ်များ ဖြစ် သည်။ 

ထို့ကြောင့် NLD ပါတီဝင်များ၊ အစွန်းရောက်ထောက်ခံသူများသည် ဘုရားကို လည်းကောင်း၊ တရားကိုလည်းကောင်း၊ သံဃာကို လည်းကောင်း စော်ကားမှုများ ပြုလုပ်လာသည်ကို အံ့သြဖွယ်တွေ့မြင်ရသည်။” ဟူ၍ ပါရှိသည်။”

အမှန်တကယ်တွင် လွန်ခဲ့သည့်ဆယ်နှစ်အတွင်းဖြစ်ပျက်ခဲ့သည်မှာ ပြည်သူတို့ သည် ကမ္ဘာနှစ် အဆက်ပြတ်နေခြင်းအဆုံးသတ်နိုင်ခဲ့ကြပြီး ပြင်ပကမ္ဘာတွင်ကျင့်သုံးနေသော လူ့အခွင့် အရေးနှင့် လူဂုဏ်သရေဖြင့်နေထိုင်နိုင်မှုများကို တစစ လေ့လာ သင်ယူ ခဲ့ကြခြင်းဖြစ်သည်။  

အတွေ့အကြုံထဲမှ အမှားအမှန်ကို ပိုမိုခွဲခြား လာနိုင်ခဲ့ကြခြင်းသာဖြစ်သည်။ နိုင်ငံရေး နားမျက်စိဖွင့်ပေးသူများထဲတွင် နိုင်ငံရေးပါတီများနှင့်အတူ အခြားသော တစ်ဦးချင်းနှင့် အဖွဲ့လိုက် လှုပ်ရှားမှုပေါင်းများစွာက ပြည်သူတို့ ပိုမိုနိုးကြားလာအောင် အားထုတ်ခဲ့ကြခြင်း ဖြစ်သည်။ 

သို့ရာတွင် ဖက်ဆစ်စစ်တပ်၏ လူမျိုးရေးခွဲခြားမှုဖြင့်နိုင်ငံရေးအာဏာကို သက်ဆိုး ရှည်ရန် ကြိုးပမ်းမှုကြောင့် လူမျိုးရေးမီးစများပင် ပေါ်ပေါက်အောင် ဆက် လက် ဆောင် ရွက် နေမြဲဖြစ်သည်။ 

လူမျိုးရေးမီးပွားများဖန်တီးခဲ့စဉ်က ပြည်မတွင်မူ သက်ဆိုင်ရာ ပြည်သူတို့၏ သတိကြောင့် အချိန်မီငြှိမ်းသတ်နိုင်ခဲ့သည်။ သို့ရာတွင် မိတ္ထီလာ လူသတ်မှုကဲ့သို့ကိစ္စမျိုး၊ ရိုဟင်ဂျာအရေးအခင်းကဲ့သို့ စစ်တပ်က ထင်တိုင်းခြယ်လှယ်နိုင်သောနေရာမျိုးတွင် မွတ်ဆလင်များကို ဟစ်တလာက ဂျူးများအား နှိပ်စက်သကဲ့သို့ပင် ပြုမူခဲ့ကြသည်။ 

ယခုအခါ အဆိုးထဲက အကောင်းမှာ ပြည်သူတစ်ရပ်လုံး စစ်တပ်၏ ဖက်ဆစ် လုပ်ရပ် များကို ဖက်ဆစ်ဟု ရှုမြင်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ 

သို့ရာတွင် ယုတ်မာမှုအပေါင်းဖြင့် အာဏာကို ဆက်လက်ထိန်းထားလိုသော ဖက်ဆစ် တို့ကား မလျှော့ပါ။ အခြားလူမျိုးခြားကိုပင် ဗမာ-ဗုဒ္ဓဟူသော မှတ် ပုံတင် ကိုင်ဆောင်တို့ထက် နိမ့်ပါးသကဲ့သို့သော အရေးအသားမျိုးကို ဆက် လက် သုံးစွဲနေမြဲ ဘာသာရေးကိုနိုင်ငံရေးပါဝါအတွက် အသုံးချနေမြဲ ဖြစ်သည်။ 

ထိုသို့အပြုအမူများကို ခေတ်သစ် လူငယ်များက စိန်ခေါ်လာခဲ့ကြသည်ကိုပင် တစ်ဖန် Dehumanization ပြုကာ “လူဟူ၍ပင် မသတ်မှတ်သင့်သူများ”ဟု ပြောင်ပင် ရေးသား လာ သည်ဖြစ်ရာ ICJ အပါအဝင်နိုင်ငံတကာ အဖွဲ့အစည်းများသည် ထို အပြုအမူ ထိုသဘောထားမျိုးကို များစွာထည့်သွင်းစဉ်းစားကြရမည်ဖြစ်သည်။ 

စစ်တပ်က ၎င်းအားဆန့် ကျင်သူများကို လူမဟုတ်ဟူသောအမြင်ဖြင့် ပုဆိန်ရိုးများ၊ သစ္စာဖောက်များအဖြစ် တံဆိပ်ကပ်နှိမ့်ချလိုက်သောအခါ ရိုင်းစိုင်းကြမ် းကြုတ်စွာ ပြုမူဆက်ဆံရန်၊ ညှဉ်းပန်းနှိပ်စက်ရန်၊ ချေမှုန်းသုတ်သင်ရန် လွယ်ကူသွားတော့သည်။

ရန်သူသည် လူမဟုတ်ဟူသောလှုံ့ဆော်မှုဖြင့် တပ်လှန့်ခံနေရသော ၎င်း၏ တပ်ဖွဲ့ ဝင်များနှင့် မိသားစုများအပါအဝင်စစ်တပ်သြဇာကို မိနေသော လူ့ အဖွဲ့အစည်း သည်လည်း ကြမ်းတမ်းရိုင်းစိုင်းသော ဓလေ့စရိုက်ကိုသာ ရွေးချယ်စရာဟုရှုမြင်လာလျှင် မြန်မာနိုင်ငံ၏ အနာဂတ်မှာ လှပစရာမရှိပါ။ 

ဖက်ဆစ်တို့၏ အစွန်းရောက်လှုံ့ဆော်မှုများ၊ လူအဖြစ်မှ နှိမ့်ချပြောဆိုမှုများပါဝင်သည့် ကောလာဟလ၊ မီဒီယာနှင့် ဝါဒဖြန့်ယန္တရားများ ကိုအမြဲတစေ သတိထားရန် လိုအပ် ကြောင်း အသိပေးရေးသား လိုက်ရပေသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article