25 C
Yangon

လွိုင်ကော်နှင့် ဒီးမော့ဆို တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ သေဆုံးသူများပြီး ပြည်သူပိုင်နေအိမ် ၅ လုံးထက်မနည်းကို စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊  ဇန်နဝါရီ ၂၃ 

ကရင်နီပြည်နယ်၊ လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်း ယမန်နေ့ ဇန် နဝါရီလ ၂၂ ရက်တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးသူများပြီး အနီးပတ်ဝန်းကျင်ရှိ ဒေသခံနေအိမ် ၅ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ နံနက် ၉ နာရီမှစတင်ကာ လွိုင်ကော်၊ မှုံပြာကန်အနီးတွင် ထိုးစစ်ဆင်လာ​သော  အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို (DMO-PDF)၊ အလယ်ပိုင်းတိုင်း၊ လွိုင်​ကော်(PDF)၊ KNDF၊ KA တပ်ဖွဲ့များပူး​ပေါင်းကာ ခုခံတိုက်ခိုက်ခဲ့ပြီး ၅ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အလားတူ ဒီး​​မော့ဆိုမြို့နယ်၊  စံပြ(၆)မိုင်​ကျေးရွာအုပ်စု၊ ဟိုဖိတ်​ကျေးရွာတွင်လည်း ထိုးစစ်ဆင်လာ​သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအထိ တိုက်ပွဲဖြစ်ပွားကြောင်း၊ ကရင်နီပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ဟိုဖိတ်ကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၅ လုံးထက်မနည်းကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။

ယမန်နေ့ တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ အကျအဆုံးများသည်ဟု ကရင်နီပူးပေါင်းတပ်ဖွဲ့များထံမှ သိရှိရပြီး အရေအတွက် အတိအကျကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article