32 C
Yangon

ရန်ကုန်ဒဂုံဆိပ်ကမ်းတွင် စစ်မှုထမ်းဟောင်း ၁ ဦး ပစ်သတ်ခံရ၊ သီရိမင်္ဂလာစျေးတွင် ဦးကျော်ဝင်းဆိုသူ အပစ်ခံရပြီး ဗုံးပေါက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၃ 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်သူ ဦးညွှန့်လှိုင် ဇန်နဝါရီလ ၂၂ ရက်နေ့က ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ဇန်နဝါရီ ၂၂ ရက်နေ့ နံနက်ပိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရွှေသန်လျှင် ဘိုးဘွားရိပ်သာအနီးတွင် အသံတိတ် သေနတ်ဖြင့် နားထင်ကို ပစ်သတ်ခံရကြောင်း၊ ၎င်း၏ ကားဒရိုင်ဘာပါ အပစ်ခံရကြောင်း ဒဂုံ ဆိပ် ကမ်းရွှေသန်လျှင်ဘိုးဘွားရိပ်သာအနီး အသံတိတ်သေနတ်ဖြင့်နားထင်ကို ပစ်သတ်ခံရပြီး သူ့ကားဒရိုင်ဘာ ပါအပစ်ခံရ၍ ဆေးရုံတင်ထားကြောင်း၊ ဦးညွှန့်လှိုင်သည် စစ်မှုထမ်း ဟောင်း၊ စည်ပင်ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။ 

“သူက လမ်းထဲမှာ ကြံ့ခိုင်ရေး သီချင်းကို လူတွေ နားမခံသာအောင် ဖွင့်တယ်။ တပ်ထောက်ခံပွဲအတွက် လူစုပေးတယ်။ ရပ်ကွက်ထဲမှာ ဆန္ဒပြတဲ့သူတွေကို ခြိမ်းခြောက်တယ်။ သူနဲ့ အဆင်မပြေသူတွေကို ရယက ဆီ စာရင်းပေးပြီး ဒုက္ခပေးတယ်။ စစ်မှုထမ်းဟောင်း ဒလန်ပေါ့ဗျာ” ဟုဒေသခံတစ်ဦးက ပြောသည်။ 

အလားတူ ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ညနေ ၆ နာရီခွဲအချိန် လှိုင်မြို့နယ်၊ သီရိမင်္ဂလာစျေးတွင် ဦးကျော်ဝင်းဆိုသူ အပစ်ခတ်ခံရပြီး ဗုံးပေါက်ကွဲကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း စျေးသည်များထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article