25 C
Yangon

မန္တလေးတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများ ဦးဆောင်၍ လောင်းကစားဝိုင်းများ ပြုလုပ်နေခြင်းနှင့် စစ်ကောင်စီထုတ် ဘီယာများ ရောင်းချနေမှုအတွက် JMPDF နောက်ဆုံးအကြိမ်သတိပေး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၄ 

မန္တလေးမြို့ရှိ KTV နှင့် ဘီယာဆိုင်များတွင် အကြမ်းဖက် စစ်ကောင်စီထုတ် ဘီယာများ ရောင်းချခြင်းမပြုရန်၊ ဆက်လုပ်နေပါက ကိုယ်ဖြစ် ကိုယ်ခံ ဟု Justice Mandalay People Defense Force က ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်လိုက်သည်။ 

မန္တလေးမြို့တွင်း ဆောင်းဘောက်များ ဖွင့်၍ မူးယစ်သောက်စားနေမှုများကိုလည်း ည ၉ နာရီ နောက်ဆုံးထား ပိတ်သိမ်းရန် သတိပေးချက်တွင် ပါရှိပြီး ည ၉ ကျော်သည့်တိုင် ဆူညံစွာ သောက်စးမူးယစ်အော်ဟစ်နေမှုများကို ထပ်မံ သတိပေးမှု ပြုလုပ်တော့မည် မဟုတ်ကြောင်း၊ ပြည်သူများ ထိခိုက်မည် စိုး၍ အကြိမ်ကြိမ်သတိပေးထားပြီး ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ ဒေါက်တိုင် ဘီယာဆိုင်များ ဗုံးပေါက်ကွဲပါက ကိုယ်ဖြစ် ကိုယ်ခံ ဟု သတိပေးစာတွင် ပါရှိသည်။ 

“နောက်ဆုံးသတိပေးခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိပြီး အကြမ်းဖက်စစ်ကောင်စီ ထုတ်ကုန်ရောင်းချနေသည့် ဘီယာဆိုင်များ သတိထားနေရန်၊ PDFများနှင့် မြို့ပေါ်ရှိ UG များကို အားနာပေးရန်၊ သတိပေးချက်ကို မလိုက်နာပါက မည်သူကိုမျှ ငဲ့ညှာနေမည် မဟုတ်တော့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ 

ထို့ပြင် မန္တလေးမြို့တွင် အကြမ်းဖက် စစ်ကောင်စီဝင်များနှင့် ရဲများ ဦးဆောင်၍ လောင်းကစားဝိုင်းများ ပြုလုပ်နေသည်ကို JMDPF က သတင်းအတိအကျရရှိထားသည် သတိပေးစာတွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article