25 C
Yangon

ကနီ မုဌောအရှေ့ရွာရှိ ပြည်သူပိုင် နေအိမ် ၁၁ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး စိတ်ရောဂါသည် ကိုအောင်သူဟိန်းကို ဖမ်းဆီး သတ်ဖြတ်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၄  

စစ်ကိုင်းတိုင်း ကနီမြို့နယ် မုဌောအရှေ့ရွာရှိ ပြည်သူပိုင် နေအိမ် ၁၁လုံးကို ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၃နာရီ ၃ဝမိနစ်ခန့်တွင် ချင်းတွင်းမြစ်ကြောင်း အတိုင်း ဆန်တက်လာသည့် စစ်ရေယာဉ် အုပ်စုတွင် လိုက်ပါလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဝင်ရောက်ဖျက်ဆီး မီးရှို့ကာ စိတ်ရောဂါသည် ကိုအောင်သူဟိန်းကိုလည်း ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။ 

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၁၁လုံးကို မီးရှို့ဖျက်ဆီးပြီးနောက် ကျန်ရှိသော နေအိမ်များကိုပါ ဝင်ရောက် မွှေနှောက်ဖျက်ဆီးခဲ့ကြောင်းသိရသည်။ 

” စိတ်ရောဂါသည် ကိုအောင်သူဟိန်းကို နှိပ်စက်ပြီး သတ်ခဲ့ကြတာ အမှန်ပါ။ အထုတ်ကြီးနဲ့ထုပ်ပြီး ထားခဲ့ကြတာ ပြည်သူပိုင် နေအိမ်တွေကိုလည်း ဝင်ရောက်မွှေနှောက် ဖျက်ဆီးသွားတယ်။ နေအိမ် ၁၁လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article