25 C
Yangon

KNU တပ်မဟာ ၅ မူတြော်ခရိုင်တွင် တရက်အတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီနှင့် BGF ဘက်မှ ၈ ဦးသေဆုံး ၇ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇန်နဝါရီလ ၂၅

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ မူတြော် (ဖာပွန်) ခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် ခါးပိုက်ဆောင် BGF တပ်ဖွဲ့များကို ဇန်နဝါရီလ ၂၂ ရက်နေ့တွင် KNLA တပ်မဟာ ၅ တပ်ဖွဲ့များက ၆ ကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ဖွဲ့များက ဇန်နဝါရီလ ၂၂ ရက်တွင် ဃော်ဝါးထဒေသရှိ BGF တပ်ဖွဲ့များရှိရာ လမ်းတံတားဂိတ်ကို ၁ ကြိမ်၊ နံနက် ၆ နာရီခွဲတွင် ဖာပွန်မြို့အနောက်ဘက်ကမ်းတွင် ၁ ကြိမ်၊ နံနက် ၁၀ နာရီ ၅ မိနစ်တွင် စစ်ကောင်စီတပ်ဖွဲ့များရှိသည့် သစ်တပင်ကုန်းစခန်းကို ၁ ကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

အလားတူ နံနက် ၁၀ နာရီ ၂၀ ခန့်တွင် လွယ်မူပလောဒေသ ပစော်ဖောလူ့တွင် ၁ ကြိမ်၊ ၁၁ နာရီ ၁၅ မိနစ်တွင် ထီးတကလိုကုန်းဒေသတွင် ၁ ကြိမ်၊ ၁၂ နာရီ ၃ မိနစ်တွင် ဝါးပလားခိုဒေသတွင် ၁ ကြိမ် KNLA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရကြောင်း မူတြော်သတင်းစဉ် ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဇန်နဝါရီလ ၂၂ ရက် နံနက်တွင် ဗိုလ်လှကြိုင် ဦးစီးသည့် BGF တပ်ဖွဲ့ဝင်များသည် သော်ဃယ်ထရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် လက်နက်ကြီးကျည် ၈ လုံး ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး သော်ဃယ်ထနှင့် ဘူးဝါးကွီးရွာသားများ ကြောက်လန့်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ဇန်နဝါရီလ ၂၀ ရက်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၃၄၁ တပ်ဖွဲ့က ဖာပွန်မြို့ ယွန်းစလင်းမြစ် အနောက်ဘက်ကမ်းဒေသရှိ ကျေးရွာသားများကို တာဝန်မယူကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း KNU တပ်မဟာ ၅ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဓါတ်ပုံ  – ကရင်တော်လှန်ရေးနေ့ အခမ်းအနားတွင် တွေ့ရသော KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article