27 C
Yangon

ဒီးမော့ဆိုမြို့နယ်တွင် ယမန်နေ့က တနေကုန် တိုက်ပွဲပြင်းထန်ပြီး လေကြောင်းမှတဆင့် ၃ ကြိမ် ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်၊ ဟိုဖိတ်နှင့် ၅ မြောင်း စိုက်ကွင်းများဘက်သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတပ်မတော်၊ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၆ နာရီခွဲမှ စတင်ကာ တိုက်ပွဲ တနေကုန်ဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီ ၄၅ မိနစ်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ၃ ကြိမ် လာရောက်ပစ်ခတ်ကြောင်း သတင်းရရှိသည်။

အဆိုပါတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများရှိပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီပူးပေါင်းအဖွဲ့မှ ရဲဘော် ၁ ဦး မစိုးရိမ် ဒဏ်ရာရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီသည် တိုက်ပွဲများဖြစ်ပွားနေသော ဒေသများတွင် ၎င်းတို့၏ သတင်းပေးဒလန် ၃ ဦးကို ပြန်လည်သတ်ဖြတ်ခဲ့ပြီး ဆိုရှယ်မီဒီယာပေါ်တွင် သတင်းတုများဖြင့် ဝါဒဖြန့်နေကြောင်း၊ အရပ်သားပြည်သူများကို စစ်တပ်ယူနီဖောင်းများ ဝတ်ပေးခြင်းဖြင့် လမ်းပြအဖြစ်သော်လည်းကောင်း လူသားဒိုင်းအဖြစ်သော်လည်းကောင်း အသုံးပြုလျက်ရှိနေကြောင်း၊ ပြည်သူ့အိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ဖောက်ထွင်းခိုးယူခြင်း၊ ၄င်းတို့၏ လက်ပါးစေ သူခိုးအုပ်စု များအား အကာအကွယ်ပေးပြီး ပြည်သူများ၏ ပစ္စည်းဥစ္စာများကို ခိုးယူစေခြင်းများ ပြုလုပ်လျက် ရှိကြောင်း KNDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓါတ်ပုံ – KNDF တပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article