27 C
Yangon

ရေးမြို့နယ်၊သထုံနှင့်ကြာအင်းဆိပ်ကြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံး၊ ၁၂ ဦးဒဏ်ရာပြင်းထန်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၅ 

ရေးမြို့နယ်၊ သထုံမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် စစ်ကောင်စီတပ် ဖွဲ့များကို PDF နှင့် KNLA တပ်များက တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာပြင်းထန်ကြောင်း ဒေသကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်သည်။ 

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာနှင့် ပုတိမ်ရိုးကျေးရွာကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက် ၁ နာရီခန့်၌ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၄ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

မိုင်းဆွဲတိုက်ခိုက်မှုကို KNLA တပ်မဟာ ၁၊ တပ်ရင်း ၂ တပ်ဖွဲ့က လုပ်ဆောင်ခဲ့ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သထုံ PDF ထံမှ သိရှိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသော စစ်ကောင်စီတပ်ဖွဲ့သည် အနီးပတ်ဝန်းကျင်သို့ ၁၀ မိနစ်ခန့် ရမ်းသန်းပစ်ခတ်ခဲ့ပြီး ကားလမ်းနံဘေးရှိ နေအိမ် ၁ အိမ်မှ ကလေးငယ် ၁ ဦး ခြေထောက် ကျည်ဆံထိမှန်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

အလား ဇန်နဝါရီလ ၂၄ ရက်နေ့ ၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တဂေး ကျေးရွာတွင် နယ်မြေကျူးကျော် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို နယ်မြေခံ KNLA တပ်ရင်း ၁၇ က တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာပြင်းထန်ကြောင်း သိရှိရသည်။ 

အလားတူ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရန်မျိုးအောင် ရပ်ကွက် သလ္လာဝတီ ၁ လမ်းရှိ ရန်မျိုးအောင်  ပျူစောထီးအဖွဲ့၏ ဒုတိယ ခေါင်းဆောင် “ရာဆင်း” ကို YGF အဖွဲ့မှ ဇန်နဝါရီလ ၂၄ ရက်နေ့ ပစ်ခတ် ရှင်းလင်းခဲ့ပြီး အဆိုပါ ပျူစောထီးသေဆုံးမှုကို စစ်ဆေးရန် လာသည့် အဖွဲ့ကို YGF က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီလက်ပါးစေ ရဲ လေးဦး သေဆုံးကာ ၅ ဦးခန့် ဒဏ်ရာရရှိသွားကြောင်း YGF က သတင်းထုတ်ပြန်သည်။ 

“ပျူ ရာဆင်းကို ညနေ ၃ နာရီ ၄၅ မိနစ်မှာ ပစ်ခတ်ရှင်းလင်းတယ်။ သူ သေလို့ လာစစ်တဲ့ အဖွဲ့တွေကို ကြိုစောင့်ပြီး ၅ နာရီ ၅၀ လောက်မှာ မိုင်းဆွဲ တိုက်ခဲ့တယ်” ဟု YGF အဖွဲ့မှ ရန်ကုန်ခေတ်သစ်သို့ ပြောပြားသည်။ 

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးအဖွဲ့ကို ရေးမြို့နယ် ၊ ကလော့နှင့် ချောင်းတောင်ကြား ရေသနုတ်ဘုရားအနီးတွင် YGF အဖွဲ့သားများက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

“ရဲ ၄ ဦးသေတယ် ကျွန်တော်တို့ မျက်မြင်ပဲ။ နောက် ၅ ဦးက ဒဏ်ရာနဲ့ ထွက် ပြေးသွားတယ်။ တပ်တွင်း ဖရဲသီးတွေ သတင်းပေးအရဆိုရင် ဒဏ်ရာတွေအတော် ပြင်းထန်ကြတယ် စိုးရိမ်ရတယ်ပေါ့။ ည ၁၁ နာရီ ၊ ၁၂ နာရီလောက်မှာမှ သူတို့တွေ ၃ ဦးလောက် ပြန်တွေ့တယ်တဲ့။ ၂ ဦးကတော့ ပျောက်နေဆဲပဲလို့ ပြောပါတယ်” ဟု YGF မှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။ 

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုတွင် YGF အဖွဲ့သားများက တစ်စုံတစ်ရာ ထိခိုက် ကျဆုံးမှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်။

Photo – AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article