28 C
Yangon

ထားဝယ် ဝဲကျွန်းညောင်ရမ်းရပ်ကွက်တွင် ပရဟိတ လုပ်ဆောင်နေသော လူငယ် ၇ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး 

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၅  

ထားဝယ်မြို့၊ ဝဲကျွန်းညောင်ရမ်းရပ်ကွက်၊ ရေသိမ်လမ်းသွယ်တွင် ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းအရေးပေါ်ကားတစ်စီးနှင့် ပရဟိတ လုပ်ဆောင်နေသော လူငယ် ၇ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဇန်နဝါရီ ၂၄ ရက်နေ့ ည ၈ နာရီ ၃ဝမိနစ်ခန့်တွင် အကြောင်းမဲ့ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ 

အဆိုပါ ပရဟိတ လုပ်ဆောင်နေသော ကိုသန့်ဇင်ထူး၊ မဆုယဉ်လဲ့၊ မခင်ချိုသက် အပါဝင် စုစုပေါင်း လူငယ် ၇ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးပြီးနောက် ပြည်သူများ လှူဒါန်းထားသည့် အရေးပေါ်ကားတစ်စီးနှင့် ဆေးဝါးပစ္စည်းများကိုပါ လုယက် ခိုးယူသွားကြောင်း သိရသည်။ 

” သူတို့်က ထားဝယ်ခရိုင်အတွင်းမှာ ပရဟိတအကျိုးပြု လုပ်ကိုင်နေတဲ့ လူငယ်လေးတွေ ဘာကြောင့် လာဖမ်းလဲတော့မသိဘူး။ ရှိတာ အကုန်စစ်သားတွေ သိမ်းသွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article