33 C
Yangon

ခင်ဦးရှိ ကျေးရွာ ၅ရွာကို စစ်တပ်က ၂ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၇ဦးထက်မနည်း ပစ်သတ်ခံရ 

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၅ 

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သရက်ကန်၊ ပေါက်တော၊ ပေကုန်း၊ ကံကြီးကုန်း၊ ရွှေယမင်း ကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဇန်နဝါရီလ ၂၅ရက်နေ့နှင့် ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့တို့တွင် ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ ၇ဦးထက်မနည်း ပစ်သတ်ခံရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။    

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ယမန်နေ့က သရက်ကန်၊ ပေါက်တောနှင့် ပေကုန်း ကျေးရွာတို့ကို အင်အား ၈၀ခန့်ဖြင့် ဝင်ရောက် စီးနင်းမီးရှို့ခဲ့ကာ ယနေ့တွင် ကံကြီးကုန်းနှင့် ရွှေယမင်းကျေးရွာတို့ကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

” ရွာ ၅ရွာကို စစ်ခွေးတွေ ဝင်စီးနင်းပြီး ဒေသခံပြည်သူတွေပါပစ်သတ်နေတယ်။ ပြည်သူ ၇ဦးလောက် သေဆုံးတယ်။ မီးရှို့သတ်ခံရတဲ့သူတွေလည်းရှိတယ်။ ဘယ်သူတွေ ဘယ်ရွာသားတွေဆိုတာတော့ မသိရသေးဘူး။ ပြည်သူတွေ အကုန်လုံးက ထွက်ပြေးတိမ်းရှောင်နေရတယ်။ ကာကွယ်ရေး တပ်ဖွဲ့ဝင် တွေလည်း ကျဆုံးတာတွေရှိတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article