25 C
Yangon

၂၀၂၁ ခုနှစ်အတွင်း ချင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီကြား တိုက်ပွဲ ၁၈၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀၂၉ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၆

ချင်းပြည်နယ်တွင် ၂၀၂၁ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ၈ လကျော်ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲပေါင်း ၁၈၄ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်သား ၁၀၂၉ ဦးသေဆုံးကြောင်း၊ ချင်းတပ်ဖွဲ့ဝင် ၅၈ ဦး ကျဆုံးခဲ့ကြောင်း ချင်းဒေသပူးပေါင်းကာကွယ်ရေးကော်မတီ Chinland Joint Defense Committee က သတင်းထုတ်ပြန်သည်။

အကြမ်းဖက် စစ်အာဏာရူး မင်းအောင်လှိုင်အုပ်စုက ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် မတရား အာဏာသိမ်းပြီးနောက် ချင်းပြည်သူများက စစ်အာဏာရှင်ကို မုန်းတီးလက်မခ့ကြောင်း၊ တန်းတူ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ဆန္ဒပြခဲ့ကြကြောင်း၊ လက်နက်ကိုင်တိုက်ပွဲများမှာ ဧပြီလ ၂၄ ရက်တွင် စတင်ဖြစ်ပွားကြောင်း CJDC က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီက အပြစ်မဲ့ ပြည်သူများကို လူမဆန်စွာ ဖမ်းဆီးခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း သတ်ဖြတ်ခြင်းများကို လုပ်ဆောင်ခဲ့ပြီး ထိုကာလအတွင်း ပြည်သူ ၂၇ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

CJDC သည် ချင်းအမျိုးသားတပ်ဦးအပါအဝင်၊ ချင်းဒေသအသီးသီးရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့ပေါင်း ၂၀ ခန့်မှ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပူးပေါင်းဖွဲ့စည်းခဲ့သော ကော်မတီ ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article