25 C
Yangon

အရာတော်တွင် အသက် ၁ဝနှစ်အရွယ် ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးကို PDF ဟု စွတ်စွဲကာ စစ်တပ်က ပစ်သတ် 

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၆

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ဘော်ကုန်းကျေးရွာအနီးတွင် ယာခင်းစိုက်ပျိုးရေး လုပ်ကိုင်နေသော ကိုဆန်းလင်း အသက်(၃၇)နှစ်၊ မောင်ကလား အသက်(၁၀)နှစ်၊ အသက်(၂၆)နှစ်အရွယ် လူငယ်တစ်ဦးနှင့် လမ်းသွားလမ်းလာ ပြည်သူ တစ်ဦးဖြစ်သည့် ဦးဖိုးသောင်း အသက်(၆၀)နှစ်တို့ကို ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက PDF စွတ်စွဲကာ ပစ်သတ်ခဲ့ကြောင်း အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှသိရသည်။ 

အဆိုပါ ယာခင်းစိုက်ပျိုးရေး လုပ်ကိုင်သော ပြည်သူ၃ဦးသည် ယာခင်းသို့ သွားရောက်စဉ် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး လမ်းသွားလမ်းလာ ပြည်သူ ၁ဦးကိုလည်း စစ်တပ်က စက်ဘီး ရပ်တန့်ခိုင်းကာ ဦးခေါင်းတေ့၍ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

” စစ်ခွေးတွေ ပစ်သတ်သွားတဲ့ သူတွေက သာမန် တောင်ယာလုပ်နေတဲ့ ပြည်သူတွေ အဲတာကို PDF ဆိုပြီး အကြောင်းမဲ့ ပစ်သတ်သွားတာ လမ်းသွားလမ်းလာ ပြည်သူ တစ်ဦးကိုလည်း စက်ဘီး ရပ်ခိုင်းပြီး ဦးခေါင်းတေ့ ပစ်သတ်သွားတာ စစ်ခွေး လော်ဘီတွေက သူတို့ စစ်ခွေးတွေသွားမယ့် လမ်းကြောင်းကို PDF တွေမိုင်းထောင်လို့ ပစ်သတ်တယ်ဆိုပြီး လိုက်ဖွနေတယ်။ ပြည်သူ ၃ဦးကိုတော့ ဘယ်သူတွေဆိုတာ အတည်ပြုပြီးပြီ ၁ဦးကတော့ ကျွန်တော်တို့လည်း မသိသေးဘူး။ စုံစမ်းနေတုန်း” ဟု  အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article