25 C
Yangon

ချောင်းဦးတွင်  Non CDM ဗိုလ်ကြီး ကျော်ဇင်သန့်၏ ညီမ တက္ကသိုလ်ကျောင်း သူ ၂ ဦး ကို PDF ထောက်ပံ့မှုဖြင့် စစ်တပ်က ဖမ်းဆီး၊ ပုဒ်မ ၅၀(ည) ဖြင့် အမှုဖွင့်ပြီး မိသားစုတွေ့ခွင့်မရ  

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၆

စစ်ကိုင်းတိုင်း၊  ချောင်းဦးမြို့နယ်တွင် Non CDM ဗိုလ်ကြီး ကျော်ဇင်သန့်၏ ညီမ တက္ကသိုလ်ကျောင်းသူ ၂ ဦးကို PDF ထောက်ပံ့သည်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးသွားကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရှိရသည်။

 ဇန်နဝါရီလ ၂၅ ရက်နေ့ ညပိုင်းတွင် ဗိုလ်ကြီး ကျော်ဇင်သန့်၏ ညီမ ၂ ဦးဖြစ်သည့် မစုစုဇော်နှင့် မသော်သော်ဟန်တို့ ညီအစ်မ နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ဒေသခံများက ပြောသားသည်။ 

“၂၄ ရက်‌နေ့က စစ်သားတွေ အိမ်စီးကားတွေနဲ့ လာပြီး ဝင်းတံခါးသော့ရိုက်ဖျက်ပြီး အိမ်ထဲထိ ဝင်ကြည့်ကြတယ်။ အဲ့နေ့က ခရီးသွားကြတာကြုံပြီး မတွေ့ဖြစ်ဘဲ မနေ့  ၂၅ ရက်နေ့ညပိုင်းလောက်မှ ညီအစ်မ နှစ်ယောက်ကို ဖမ်းသွားတယ်” ဟု ဒေသခံ တစ်ဦးက ပြောဆိုသည်။ 

မစုစုဇော်နှင့် မသော်သော်ဟန်တို့ နှစ်ဦးမှာ တက္ကသိုလ်ကျောင်းတက်နေသူများဖြစ်ကြပြီး PDF များကို ထောက်ပံ့ကူညီနေသည်ဟုဆိုကာ ပုဒ်မ ၅၀(ည)နှင့် ဖမ်းဆီးခေါ်သွားခြင်းဖြစ်သည်ဟု သိရှိရသည်။ 

“သူ့အစ်ကိုလည်း ဒီမနက်မှ သိရပြီး ပက်လက်လန်ရောတဲ့။ သူက သရက်မြို့မှာ ကင်းလှည့်နေတုန်း လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခံရပြီး ဒဏ်ရာပြန်သက်သာလာပြီး တာဝန်ပြန်ထမ်းဆောင်နေသူ” ဟု အဆိုပါ မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောဆိုသည်။ 

လက်ရှိအချိန်တွင် ဖမ်းဆီးခံရသူ နှစ်ဦးမှာ မိသားစုနှင့် တွေ့ခွင့်မရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article