25 C
Yangon

ရွှေဘိုမြို့နယ်၊ ရွာစိုးရွာနှင့် ပေါက်ချိုင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် အနီးအနားရှိ ကျေးရွာ ၂ဝမှ ပြည်သူများ ထွက်ပြေးနေရ 

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၆ 

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ရှိ ရွာစိုးရွာနှင့် ပေါက်ချိုင်ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဇန်နဝါရီလ ၂၄ရက်နေ့နှင့် ၂၅ ရက်နေ့တို့တွင် ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးပြီးနောက် အနီးအနားရှိ ကျေးရွာ ၂ဝက ဒေသခံပြည်သူများလည်း ဘေးလွတ် ရာသို့ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ရွှေဘိုမြို့နယ်ရှိ ရေကြည်ဝ၊ သပြေကန်၊ ထူးကြီး၊ တည်ပင်၊ ဝါရုံကန်၊ သန်းတော၊ သံပုရာခြံ၊ စောင်တန်း၊ ဇီးဖြူကုန်း၊ နမစားရစ်၊ မင်းပေး၊ ညောင်ကိုင်း၊ ထနှောင်းကိုင်၊ ဆင်အင်း၊ မအူပင်၊ သောင်ထွဠ်ကိုင်၊ ဆိပ်ခွန်၊ ဘိုတည်းကုန်း၊ ဆိပ်သာ၊ နံ့သာ စသည့် ကျေးရွာများက ပြည်သူများပါ ထွက်ပြေးတိမ်းရှောင်ရကြောင်း သိရသည်။   

” ထွက်ပြေးနေရတာတော့ အားလုံးပေါင်း အားလုံးပေါင်း ၂၂ရွာပေါ့။ ရွာစိုးနဲ့ ပေါက်ချိုင်ကတော့ စစ်တပ် ဝင်မီးရှို့လို့ ထွက်ပြေးရတာ ကျန်တဲ့ ရွာတွေကျတော့ စစ်တပ်က ရွာထဲရောက်လာမှာ ကြောက်လို့ ထွက်ပြေးရတာ နောက်ပြီး လေကြောင်း တိုက်ခိုက်မှုတွေပါ လုပ်မယ်ဆိုပြီး အဲဒီဖက် ဒေသတွေမှာ သတင်းတွေက ပျံ့နေတော့ ပြေးကျတာပေါ့” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။ 

လက်ရှိချိန်တွင် ရွှေဘိုမြို့နယ်ရှိ ဘုန်းကြီးကျောင်းနှင့် ဘုရားဇရပ်များတွင် စစ်ဘေးရှောင် ပြည်သူများနှင့် ပြည့်နှက်နေပြီး ရွှေဘိုမြို့ပေါ်ရှိ တည်ခိုခန်းနှင့် အိမ်ခန်းများလည်း စစ်ဘေးရှောင် ရောက်လာသည့် အတွက် ဈေးနှုန်းများ မြှင့်တက်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – ကျေးလက်နေပြည်သူများ စစ်ဘေးရှောင်ရန် ရွှေဘိုမြို့ပေါ်သို့ ရောက်ရှိလာစဉ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article