28 C
Yangon

လွိုင်ကော်၊ မှုံပြာကန်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒီးမော့ဆို PDF တိုက်ပွဲဖြစ်ပွား၊ စစ်သား ၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၇

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ မှုံပြာကန်အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား ယနေ့ နံနက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦး စနိုက်ပါထိမှန်သေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်းဒီးမော့ဆို PDF က သတင်းထုတ်ပြန်သည်။

မှုံပြာကန်အနီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ဒီးမော့ဆို PDF ကြား ယနေ့နံနက် ၁၀ နာရီမှ ၁၁ နာရီထိ တိုက်ပွဲဖြစ်ပွားကြောင်း၊ တိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၁ ဦး စနိုက်ပါကျည်ထိမှန်သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုများလည်း ရှိကြောင်း သိရှိရသည်။

စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒီးမော့ဆို PDF တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းနှင့် အထိအခိုက်မရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဒီးမော့ဆိုက သတင်းထုတ်ပြန်သည်။

ဓါတ်ပုံ – ဒီးမော့ဆို PDF တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article