25 C
Yangon

NUCC  ပြည်သူ့ညီလာခံမှ တစ်ဆင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ် ပေါ်လာမည်ဟု NUG ယာယီသမ္မတ ပြည်သူသို့ အသိပေး၊ ပြည်သူ့ညီလာခံသို့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ၈ ခုပါဝင် တက်ရောက်နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၇ 

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC က စတင်ခေါ်ယူလိုက်သော ပြည်သူ့ညီလာခံသည် ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ပေါ်ပေါက်လာမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ယာယီသမ္မတ  ဒူဝါလရှီးလက  ပြည်သူ့ညီလာခံ ဖွင့်ပွဲမိန့်ခွန်းတွင် ပြောဆိုလိုက်သည်။ 

ယနေ့ NUCC က စတင်ခေါ်ယူလိုက်သည့် ပြည်သူ့ညီလာခံတွင် ၎င်းက အထ က်ပါအတိုင်း ပြည်သူများသို့ မိန့်ခွန်းပြောဆို အသိပေးလိုက်ခြင်းဖြစ်သည်။ 

“ပြည်ထောင်စုကြီးရဲ့ အဓိကအရင်းခံ ရေသောက်မြစ် ပြဿနာတွေ၊ ပဋိပက္ခတွေကို ဖြေရှင်းနိုင် မယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် အရေးကြီးလှတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်ကြီးကို ဒီညီ လာခံမှာ အတည်ပြုပြီး သမိုင်းမှတ်တိုင်စိုက်ထူနိုင်တော့မှာ ဖြစ်ပါတယ်။ စစ်အာ ဏာရှင် စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေး၊ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ အပြီးသတ် ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုတည်ဆောက်ရေး၊ အရပ်သား ပြည်သူ့အစိုးရ ပေါ်ထွန်းရေးအစရှိတဲ့ ရည်ရွယ်ချက်တွေနဲ့ အတည်ပြုပြဌာန်းမယ့် ပဋိဉာဉ် ကြီးက နွေဦးတော် လှန်ရေးအတွက် ရှေ့ဆောင်လမ်းပြ မီးရှုးတန်ဆောင်ဖြစ်လာမှာ ဖြစ်ပါတယ်။   ဒီပဋိဉာဉ်ကြီးမှာ ပါတဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့ စည်းပုံအခြေခံ ဥပဒေတစ်ရပ်ကို လူထုဆန္ဒနဲ့အညီ အတည်ပြုပြဌာန်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေစနစ် (Constitutionalism)ကို လိုက်နာကျင့်သုံးနိုင်မှသာ ကျွန်တော်တို့မျှော်ရည်တဲ့ ဖက်ဒရယ်ပြည်ထောင် စုကြီးတည်ဆောက်နိုင်မှာ ဖြစ်ပါတယ်” ဟု NUG ယာယီသမ္မတက ပြောဆိုသည်။  

ပေါ်ပေါက်လာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက် မည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောဆိုသည်။ 

“အာဏာရှင်စနစ်ပပျောက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည် ထောင်စုတည်ဆောက်ရေးအတွက် ဒီပဋိဉာဉ်နဲ့အညီ ရေးဆွဲထားတဲ့ မဟာဗျူဟာ တွေကိုလည်း အကောင်းဆုံး လေ့လာသုံး 

သပ်ပြီး အတည်ပြုပေးနိုင်ပြီး ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး ကြိုတင် ပြင်ဆင်မှုဆိုင်ရာ လုပ်ငန်းတွေကိုလည်း တင်ပြအတည်ပြုချက် ရယူနိုင် မယ်လို့ ယုံကြည်ပါတယ်။ အမျိုးသားညီ ညွတ်ရေးအစိုးရအနေနဲ့လည်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီရဲ့ လမ်းညွှန်မှု၊ မူဝါဒဆိုင်ရာ ထိန်းကျောင်းမှုတွေကို ခံယူပြီး ဒီမဟာဗျူဟာတွေ၊ လုပ်ငန်းစဉ်တွေကို အားလုံးနဲ့ လက်တွဲပြီး အကောင်အထည်ဖေါ်သွားမှာဖြစ်ပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရ အနေနဲ့ အစိုးရဖွဲ့စည်းပြီးကတည်းက အခုအချိန်ထိ ပဋိဉာဉ်မှာ ပါတဲ့ ပြဌာန်းချက် များနဲ့အညီ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေကို ညီလာခံမှာ အစီရင်ခံ တင်ပြသွားမှာ ဖြစ်ပါတယ်။   ဒီညီလာခံကြီးကနေ အစပြုပြီး ဖက်ဒရယ် ဒီမိုကရေစီပဋိဉာဉ်ကြီးနဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့ အားလုံး ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်ကြပါစို့လို့ သန္နိဌာန်ပြုရင်း၊ ဒီညီလာခံကြီး အောင်မြင်စေ ကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်” ဟု ယာယီသမ္မတက မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားသည်။ 

လက်ရှိ ပြည်သူ့ညီလာခံသို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၈ ခုအပါအဝင် နိုင်ငံလုံးဆိုင်ရာ သပိတ်ကော် မတီနှင့်အဖွဲ့များ၊ လူထုအခြေပြု အဖွဲ့အစည်းများ အားလုံး တက်ရောက်လျက်ရှိကြောင်း သိရှိရသည်။ 

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်အာဏာကို မတရား အကြမ်းဖက်သိမ်းယူခဲ့ပြီးနောက် NUG အစိုးရ စစ်တပ်စိတ်တိုင်းကျ ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းကြောင်း တရားဝင် ကြေညာခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article