25 C
Yangon

ကျွန်းလှမြို့နယ်တွင် PDF နှင့် နေပြည်တော်အခြေစိုက် ခလရ ၁၂၂ တို့ တိုက်ပွဲဖြစ်ပြီး စစ်သား ၆ ဦး သေဆုံး၊ ၂၆ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်း၊ ကွန်းလှမြို့နယ်၊ ညောင်ကိုင်းရွာအနီးတွင် စစ်ကြောင်းထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ နေပြည်တော်အခြေစိုက် ခလရ ၁၂၂ တပ်ဖွဲ့နှင့် ကျွန်းလှ PDF ကြား ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက် နံနက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ စနိုက်ပါတပ်သား အပါအဝင် ၆ ဦးသေဆုံးကာ ၂၆ ဦး ဒဏ်ရာရကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။

အင်းအား ၂၀၀ ခန့်ပါသော အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ကျွန်းလှမြို့နယ်၊ အင်းတိုင်ရွာမှ တန့်ဆည်မြို့နယ်ဘက်သို့ ထွက်ခွာလာစဉ် ညောင်ကိုင်းရွာအနီးတွင် ဒေသခံ PDF နှင့် တိုက်ပွဲဖြစ်ပွားကြောင်း၊ ကျွန်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ထိမှန်ခဲ့ပြီး အကျအဆုံးများခြင်းဖြစ်ကြောင်းနှင့် စနိုက်ပါသမားမှာ ကျွန်းလှဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ်က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ကျွန်းလှ၊ တန့်ဆည်၊ ကန့်ဘလူရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများတွင် အထိနာခဲ့ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလနှင့် ဒီဇင်ဘာလများတွင် ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများသို့ တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article